SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ ဆိုင်ရာ စိုက်ပျိုးရေး မွေးမြူရေး ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပြပွဲကျင်းပ

Thursday, 28 September 2017 11:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၇

စတုတ္ထအကြိမ်မြောက် နိုင်ငံတကာဆိုင်ရာ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာပြပွဲကို  ယနေ့တွင် ရန်ကုန်မြို့    အထက်ပန်းဆိုးတန်းလမ်းရှိ  Rose Garden Hotel ၌ ကျင်းပသည်။

အဆိုပါပြပွဲကို ဗီယက်နမ်နိုင်ငံ အခြေစိုက် Minh Vi Exhibition and Advertisement Services Co., Ltd. ( VEAS ) မှ  ကြီးမှူးကျင်းပပြီး   ပြည်တွင်းမှ ကုမ္ပဏီများအပြင် မြန်မာ၊ အမေရိကန်၊ ဂျာမနီ၊ တရုတ်(တိုင်ပေ)၊  စင်ကာပူ၊  မလေးရှား နှင့်  တောင်ကိုရီးယား  စသည့်နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ ကုမ္ပဏီကြီးများမှ ပြခန်းပေါင်း ၃ဝ ကျော်  လာရောက်ပြသကြောင်း သိရသည်။

 ပြပွဲတွင် ပြည်တွင်းပြည်ပမှ စိုက်ပျိုးရေး နှင့် မွေးမြူရေး အတတ်ပညာရှင်များ၊ ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များနှင့် ကုမ္ပဏီမှလုပ်ငန်းရှင်ကြီးများကသက်ဆိုင်ရာနယ်ပယ် အသီးသီးအလိုက်    ဟောပြောဆွေးနွေးကြ သည်။

'' ပြခန်းကတော့ စိုက်ပျိုးရေးပြခန်း အပြင် အော်ဂဲနစ်နဲ့ ပတ်သက်တဲ့ သဘာဝမြေသြဇာတွေလည်း ပါဝင်ပြသထားပါတယ်''ဟု  မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးကျော်သူ ကပြောသည်။

ထို့ပြင်   ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများ၊  တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ    ဆေးဝါးထုတ်လုပ်သူများ၊ မွေးမြူရေး အထောက်အကူပြု ပစ္စည်းများ၊ ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ မွေးမြူရေးကဏ္ဍ တင်ပို့၊ တင်သွင်းရောင်းချမှု၊ အအေးခန်း သိုလှောင်ထားရှိမှုနှင့် ထုပ်ပိုးရောင်းချမှု စသည်တို့ကို  ပါဝင်ပြသထားကြောင်း သိရသည်။ 

Read 304 times Last modified on Thursday, 28 September 2017 12:00