SJ WorldNews - шаблон joomla Авто

အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အကြိုလှုပ်ရှားမှု ကျင်းပရန်စီစဉ်

Thursday, 28 September 2017 12:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၇

အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့်   အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့    အကြိုလှုပ်ရှားမှု အခမ်းအနားကို  ရန်ကုန်မြို့ရှိ   ပြည်သူ့ရင်ပြင်၌ စက်တင်ဘာ ၃ဝ ရက်တွင် နံနက် ၉ နာရီခွဲမှ  ညနေ ၅ နာရီခွဲအထိ  ကျင်းပရန် စီစဉ်လျက်ရှိကြောင်း  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ  သိရသည်။

အခမ်းအနားတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြခန်းများ၊ သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး လုပ်ဆောင်နေသည့် အသင်းအဖွဲ့များ၏  လုပ်ဆောင်ချက်များ၊ သဘာဝဘေးဆိုင်ရာ သိကောင်းစရာ အမေးအဖြေကဏ္ဍများ၊   ဖျော်ဖြေရေး အစီအစဉ်များနှင့် ဂိမ်းကစားခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ    သဘာဝဘေးလျော့ပါးရေး အခမ်းအနားကို မြန်မာနိုင်ငံ၌ ၂ဝ၁ဝ ပြည့်နှစ်မှ စတင် ကျင်းပခြင်းဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ယခုနှစ်ကို ထိတွေ့ဘေးဒဏ်လျှော့ချ  လုံခြုံစိတ်ချတို့ဘဝ ခေါင်းစဉ်ဖြင့်  အောက်တိုဘာ ၁၃  ရက်တွင် ကျင်းပမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ၂ဝ၁၃ ခုနှစ်က ရေးဆွဲခဲ့ပြီး အရေးယူနိုင်ရန် ပြစ်မှုပြစ်ဒဏ် များလည်း ထည့်သွင်းထားကြောင်း  သိရသည်။          

Read 339 times Last modified on Thursday, 28 September 2017 12:03