SJ WorldNews - шаблон joomla Авто

ရေနံ့သာပန်းချီပြပွဲ၌ အညာဒေသ ရှုခင်းပန်းချီကားများ ရောင်းချ

Thursday, 28 September 2017 12:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၇ 

ရေနံချောင်းသား ပန်းချီဆရာများ၏ ပန်းချီလက်ရာများ  စုစည်းတင်ဆက်ပြသသည့် အခမ်းအနားကို   ရန်ကုန်မြို့   ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ပန်းချီ ပန်းပု အစည်းအရုံး ပြခန်း၌ ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။

အဆိုပါပန်းချီပြပွဲကို အောက်တိုဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပန်းချီကားပေါင်း ၁ဝဝ ကျော် ပြသရောင်းချမည်ဖြစ်သည်။''ဒီပြပွဲမှာ   အညာဒေသရဲ့ ကျေးလက်ရှုခင်းတွေကို ဖော်ကျူးထားတဲ့ ပန်းချီလက်ရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။    လက်ရှိမှာ  ပန်းချီကားတွေကို ဝယ်ယူမှုရှိနေပါပြီ။

ဒီနေ့ ပန်းချီကားရှစ်ကား ရောင်းရပါတယ်။  ပန်းချီကား တစ်ကားကို အမေရိကန်ဒေါ်လာ ၁ဝဝ ကနေ ၁၂ဝဝ အထိ ဈေးနှုန်းရှိပါတယ်။အခုရောင်းချထားတဲ့ ပန်းချီကားတွေကတော့ အလယ်အလတ် ဈေးနှုန်းရှိတဲ့  ပန်းချီကား တွေကို ရောင်းချပေးထားရတာ ဖြစ်ပါတယ်'' ဟု ပန်းချီပြပွဲ စီစဉ်ကျင်းပရေး အဖွဲ့ဝင် ပန်းချီ ဆရာ ဦးဝင်းကြည် ကပြောသည်။

ယင်းပန်းချီပြပွဲသို့ ပြည်တွင်းရှိ နာမည်ကြီးပန်းချီဆရာ၊ ဆရာမများ တက်ရောက်ကြကာ လာမည့်နှစ်တွင်လည်း ပြည်တွင်းရှိ ပန်းချီဆရာ၊ ဆရာမများ၏ လက်ရာများကို   ပြပွဲကျင်းပပေးရန် စီစဉ်ထားကြောင်း သိရသည်။ 

Read 456 times Last modified on Thursday, 28 September 2017 12:06