SJ WorldNews - шаблон joomla Авто

အခြေခံ ကင်းထောက် သင်တန်းနှင့် အဆင့်မြင့် ကင်းထောက်သင်တန်း ရန်ကုန်မြို့၌် အောက်တိုဘာလတွင် ပို့ချမည်

Thursday, 28 September 2017 12:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၇                   

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အနေဖြင့်   အခြေခံကင်းထောက် သင်တန်းနှင့် အဆင့်မြင့်ကင်းထောက် သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး   လမ်းမတော်မြို့နယ်ရှိ   အမှတ်(၁)   အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာလတွင် သင်တန်း ပို့ချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးကြိုင်ထံမှ သိရသည်။

အခြေခံ    ကင်းထောက်သင်တန်းကို အောက်တိုဘာ  ၇ ရက်မှ  ၉ ရက်အထိ သုံးရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး အဆင့်မြင့် ကင်းထောက်သင်တန်းကို အောက်တိုဘာ ၁၁  ရက်မှ ၁၇ ရက်အထိ  ခုနစ်ရက်ကြာ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းတစ်ခုလျှင် သင်တန်းသားဦးရေ ၄၈ ဦး သင်ကြားပေးမည်ဖြစ်သည်။ လက်ရှိတွင် ကျောင်းများကို အခြေခံပြီး ကင်းထောက်သင်တန်းများ ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများနှင့် အရပ်သား လူငယ်များအတွက် ကင်းထောက် ပညာရပ်များ  လေ့ကျင့်သင်ကြားပေးရန် နည်းပြများ လိုအပ်သောကြောင့် သင့်လျော်သည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နည်းပြများကို သင်ကြားပေးမည်ဖြစ်သည်။

မြန်မာကင်းထောက်အဖွဲ့သည်  ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်   ဖြစ်ခဲ့သော်လည်း ၁၉၆၄ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင်  ကင်းထောက်အဖွဲ့ကို    ပြန်လည်ဖွဲ့စည်းခဲ့ပြီး လေးနှစ်အတွင်း အင်အားတိုးချဲ့ရန် ကျောင်းများကို အခြေခံခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များအဖို့ ကင်းထောက်ပညာကို  သင်ယူရရှိခဲ့သော်လည်း အရပ်ဘက်မှ လူငယ်များအနေဖြင့်   ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကင်းထောက် စိတ်ဓာတ်ရှိရန်လိုအပ်သည့်အတွက် အရပ်သား လူငယ်များအား ကင်းထောက်ပညာ ပို့ချနိုင်ရန် နည်းပြဆရာများ    မွေးထုတ်ပေးခြင်း ဖြစ်ကြောင်း   သိရသည်။

Read 443 times Last modified on Thursday, 28 September 2017 12:11