SJ WorldNews - шаблон joomla Авто

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ သတ်ဖြတ်ခဲ့သည့်ဟိန္ဒူ ဘာသာဝင်များ၏ ရုပ်အလောင်း ၄၅ လောင်းအား မီးသင်္ဂြိုဟ်

Friday, 29 September 2017 08:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂၈

လွန်ခဲ့သည့်တစ်လခန့်က ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ သတ်ဖြတ်ပြီး ရဲဘောက်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာတွင်

မြေကျင်း နှစ်ကျင်းအတွင်း၌ မြှုပ်နှံထားသည့် ရုပ်အလောင်း ၂၈ လောင်းနှင့် အရှေ့ဘက်မီတာ ၂ဝဝ အကွာတွင် မြေကျင်းနှစ်ကျင်း၌ မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၇ လောင်းတို့ကို သေဆုံး သွားသည့် ဟိန္ဒူဘာသာဝင်များ၏ ဆွေမျိုးသားချင်း မိသားစုဝင်များ၏ သဘောဆန္ဒအလျောက် ယနေ့မွန်းလွဲပိုင်းတွင် ရဲဘောက်ကျကျေးရွာ၏ အနောက်ဘက်တောင်ခြေအနီးတွင် ဟိန္ဒူဘာသာ ထုံး တမ်း အစဉ်အလာနှင့်အညီ မီးသင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

မီးသင်္ဂြိုဟ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ခမောင်းဆိပ်မြို့နယ်ခွဲမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သေဆုံးသွားသည့် ဟိန္ဒူဘာသာဝင်များ၏ ဆွေမျိုး သားချင်း မိသားစုဝင် ၇၇ ဦး၊ မြိုတိုင်းရင်း သား ၄ဝ ဦးနှင့် ရခိုင်တိုင်းရင်းသား ၃ဝ ဦးတို့ တက်ရောက် ကြောင်း သိရသည်။

Read 278 times Last modified on Friday, 29 September 2017 08:11