SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကိုးခု ခွင့်ပြု

Friday, 29 September 2017 08:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၈

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၃/၂ဝ၁၇) အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကိုးခုကို ခွင့်ပြုခဲ့ကြောင်း ယမန်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံး (ရန်ကုန်)၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါခွင့်ပြုပေးခဲ့သည့် လုပ်ငန်းကိုးခုတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂ဝ၁၆ ) အရ ခွင့်ပြုခဲ့သည့်လုပ်ငန်း လေးခုနှင့် အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်းငါးခုကို အသီးသီး ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကိုးခုတွင် စက်မှုလုပ်ငန်း ခုနစ်ခု၊ အိမ်ရာအဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍတစ်ခု၊ တခြားဝန်ဆောင်မှုလုပ်ငန်း တစ်ခုတို့ကို ခွင့်ပြုခဲ့သည်။

အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၄ဝ၃ ဒသမ ၃၉၁ သန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေခွန်နှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်း ရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု၊ ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု၊ တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆဲဥပဒေများကို လိုက်နာမှု စသည့်အချက်များကို အခြေခံ၍စိစစ်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 408 times Last modified on Friday, 29 September 2017 08:25