SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပဲခူးမြသာလျောင်း ရုပ်ပွားတော်မြတ် ကြီးအတွက် ဂန္ဓကုဋိတိုက်(အမိုး) တည်ဆောက်ရန် အလှူရှင်များ လိုအပ်

Friday, 29 September 2017 08:25 font size decrease font size decrease font size increase font size increase font size

ပဲခူး စက်တင်ဘာ ၂၈

ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ သမိုင်းဝင် နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးသည် ရာသီဥတုဒဏ်ကြောင့် အက်ကြောင်းများ ဒုတိယအကြိမ် ထပ်မံပေါ်လာပြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဂန္ဓကုဋိတိုက်(အမိုး) တည်ဆောက်ရန် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

နောင်တော်ကြီး မြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသည် ၂ဝ၁၅ ခုနှစ်က ပထမ အကြိမ်အဖြစ် ဦးခေါင်းပိုင်းနှင့် လက်ပိုင်းတို့တွင် အက်ကြောင်းများ ဖြစ်ပေါ်ကာ အနည်းငယ် ကွာကျခဲ့သဖြင့် ပြန်လည်ပြုပြင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင်လည်း ရုပ်ပွားတော်၏ အတွင်းပိုင်းနှင့် လက်ပိုင်းတို့တွင် အက်ကြောင်း ပေါ်လာသဖြင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် အတွင်းပိုင်းအား စတင်ပြုပြင်ခဲ့ရာ ၅ဝ ရာခိုင်နှုန်း ပြီးစီး၍ အပြင်ပိုင်း အက်ကြောင်းများ ပြုပြင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ''ပြိုကျမယ့် အစိတ်အပိုင်းတော့ မရှိပါဘူး။ အက်ကြောင်းတွေ ပေါ်နေတာပါ။ အမိုးမရှိတော့ ရာသီဥတု ဒဏ်ကြောင့်ဖြစ်ပေါ်လာတာပါ။ ရေရှည်အတွက် စိတ်ချရအောင် ဂန္ဓကုဋိတိုက် (အမိုး) မဖြစ်မနေ လိုအပ်နေပါတယ်။ ဘက်စုံပြုပြင်ခြင်း လုပ်ငန်းတွေကိုတော့ ရုပ်ပွားတော် အတွင်းပိုင်း ဆောင်ရွက်နေတာ တစ်လလောက်တော့ ရှိသွားပါပြီ။ ပြီးရင် အပြင်ပိုင်း ဆောင်ရွက်သွားမှာပါ။ လက်ရှိ ပြုပြင်ဖို့တော့ အလှူငွေရှိနေပြီး အမိုးအတွက်တော့ အလှူရှင် လိုအပ်နေပါသေးတယ်''ဟု ဂေါပကအဖွဲ့ဝင် ဦးဝင်းဌေးက ပြောသည်။ မြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးမှာ ဥာဏ်တော် ၆၃ ပေ၊ အလျား ၂၄၃ ပေရှိကြောင်း၊ ယခုအခါ ဂန္ဓကုဋိတိုက်(အမိုး) ဆောက်လုပ်ရန် အတွက် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

Read 339 times Last modified on Friday, 29 September 2017 08:26