SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အငှားအိမ်ရာဆောက်လုပ်ရန် ငွေကျပ် ၅ ဘီလီယံ ဘတ်ဂျက် ချပေးရန်ရှိ

Friday, 29 September 2017 08:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၈

ပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာထက် အငှားအိမ်ရာကို စိတ်ဝင်စားမှု ရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း အငှားအိမ်ရာ ထပ်မံတည်ဆောက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ငွေကျပ် ၅ ဘီလီယံချထားပေးရန် အစီအစဉ် ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဆိုပါ ငွေကျပ် ၅ ဘီလီယံကို အငှားအိမ်ရာ ဆောက်လုပ်ရန် လက်ခံပါကလာမည့် လွှတ်တော်အစည်းအဝေးတွင် ဖြည့်စွက်ဘတ်ဂျက် အနေဖြင့် တင်ပြနိုင်ဖွယ် ရှိကြောင်းနှင့် ခွင့်ပြုချက်ရပြီးပါက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ငွေကျပ် ၅ ဘီလီယံ ဘတ်ဂျက်ချပေးရာတွင် အိမ်ထောင်စု ၅ဝဝ အတွက် လျာထားသော်လည်း အမှန်တကယ် အကောင်အထည်ဖော်ဖြစ်ပါက လျှပ်စစ်မီး၊ ရေမြောင်းစသည့် အခြေခံအဆောက်အအုံ စနစ်များ အတွက် ယင်းလျာထားငွေအတွင်းမှ ၃ဝရာခိုင်နှုန်း အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်က အငှားအိမ်ရာကို ဒဂုံ(တောင်ပိုင်း)မြို့နယ် အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကပေါ်၌ မဟာဗန္ဓုလအိမ်ရာမှ တိုက်ခန်းပေါင်း ၁၂ဝဝ တည်ဆောက်ပေးထားပြီး အငှားအိမ်ရာ စီမံကိန်း လျှောက်ထားသူ ရှစ်သောင်းကျော်ရှိကာ ယင်းတို့ထဲမှ ခြောက်သောင်းကျော်ကို စိစစ်ပြီး မဲဖောက် ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Read 404 times Last modified on Friday, 29 September 2017 08:28