SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တက္ကသိုလ် အကြံပေး အဖွဲ့များ၊ တက္ကသိုလ် ပညာရပ် အဖွဲ့များ၊ ပညာရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂ဝ၁၇) ကျင်းပ

Friday, 29 September 2017 08:32 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ (Civil Services Academy-CSA) များ၏ တက္ကသိုလ် အကြံပေးအဖွဲ့များ၊ တက္ကသိုလ် ပညာရပ်အဖွဲ့များ ပညာရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၅/၂ဝ၁၇)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စု ရာထူး ဝန် အဖွဲ့အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ (Civil Services Academy-CSA) ပညာရေး၊ လေ့ကျင့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက္ကသိုလ် အကြံပေးအဖွဲ့ အဖွဲ့ဝင်များက အကြံပြု တင်ပြခြင်းများ ဆောင်ရွက်ကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းက အကြံပြုတင်ပြချက်များ အပေါ်သုံးသပ်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ အစည်းအဝေးသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ (Civil Services Academy-CSA) များ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်များ၊ တက္က သိုလ် ပညာရပ် အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read 371 times Last modified on Friday, 29 September 2017 08:36