SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နေပြည်တော်အတွင်း လိုအပ်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း အိမ်ရာများအတွက် ပထမ အသုတ်တင်ဒါများ ဖွင့်ဖောက် စိစစ်

Friday, 29 September 2017 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ လိုအပ်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း အိမ်ရာများအတွက် နေပြည်တော် ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေ လျာထားငွေပမာဏ ကျပ်သန်းရှစ်ထောင်ခန့်ဖြင့် ဝန်ထမ်းအိမ်ရာ ၁၄ လုံးကို စတင် တည်ဆောက်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာ ၄၃ လုံးနှင့် ပတ်သက်ပြီး ပထမအသုတ်တင်ဒါအဖြစ် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ၁၄ လုံးအတွက် ဈေးနှုန်းအဆိုပြုလွှာများ ဖွင့်ဖောက်စိစစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တင်ဒါကော်မတီ ဥက္ကဋ္ဌ နေပြည် တော်ကောင်စီဝင် ဦးတင်ထွဋ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အဆောက်အဦ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က တင်ဒါခေါ်ယူရခြင်း ကိစ္စရပ်များနှင့် ပတ်သက်သော လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး တင်ဒါ လက်ခံရေးနှင့် စိစစ်ရေး ကော်မတီဝင် ဦးသန်းမြိုင်ထူးက ဈေးနှုန်း အဆိုပြုလွှာများ ဖွင့်ဖောက်စိစစ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်သော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နည်းပညာ အဆိုပြုလွှာ စိစစ်ခြင်းအောင်မြင်ထားသည့် ကုမ္ပဏီ ၁၁၈ ခုမှ အသီးသီး တင်ပြထားသည့် ဈေးနှုန်း အဆိုပြုလွှာများကို တက်ရောက် လာကြသူများရှေ့တွင် Lot များအလိုက် ဖွင့်ဖောက်ကြေညာ ပေးသည်။ ပထမ အသုတ်တင်ဒါအဖြစ် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ၁၄ လုံးတွင် အရာထမ်း အိမ်ရာ ငါးလုံး၊ အမှုထမ်းအိမ်ရာ ငါးလုံးနှင့် လူပျို၊ အပျိုဆောင် လေးလုံးပါဝင်ကြောင်း၊ အဆိုပါ အိမ်ရာများကို နေပြည်တော် အတွင်းရှိ ဝန်ကြီးဌာနများမှ လိုအပ်ချက် တင်ပြမှုအပေါ် မူတည်၍ အောက်တိုဘာလအတွင်း စတင်တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Read 333 times Last modified on Friday, 29 September 2017 08:38