SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မဲခေါင်ဒေသ လုံခြုံရေး ညှိနှိုင်း ဆောင်ရွက်မှု ဗဟိုဌာန ပိတ်ပွဲ ကျင်းပ

Friday, 29 September 2017 08:33 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်လျက်ရှိသည့် မဲခေါင်ဒေသ လုံခြုံရေး ညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာန (Safe Mekong Coordination Centre-SMCC) ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့၌ ကျင်းပသည်။

အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ယာယီရဲမှူးချုပ် မြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) ၏အကြံပေးပုဂ္ဂိုလ် Mr. Permpong Chaovalit က အမှာစကား ပြောကြားသည်။ ထို့ နောက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တားဆီးဌာန ဌာနမှူး ရဲမှူးကြီး ရွှေညာမောင်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက် ရှမ်းရိုးမ စစ်ဆင်ရေး ဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်၊ တရုတ်၊ ကမ္ဘောဒီး ယားနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များက အကြံပြု တင်ပြချက်များ ဆောင်ရွက်ကြသည်။

အခမ်းအနားသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ယာယီရဲမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရ သည်။

Read 345 times Last modified on Friday, 29 September 2017 08:39