SJ WorldNews - шаблон joomla Авто

အော်တိုစက်ပစ္စည်း အစိတ်အပိုင်းနှင့် ပါဝါလျှပ်စစ်ဆိုင်ရာ ပြပွဲ ရန်ကုန်မြို့ ၌ ကျင်းပ

Friday, 29 September 2017 08:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၈

Taipei World Trade Center  နှင့် Yorkers Trade & Service Co.,Ltd. တို့ပူးပေါင်း ကျင်းပသည့် (၅)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ယာဉ်အပိုပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲ၊ အီလက်ထရွန်နစ် နည်းပညာနှင့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ ပြပွဲတို့ကို ယနေ့တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြခန်းအတွင်း ခင်းကျင်းရောင်းချမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြပွဲကို အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာနှင့် တရုတ်(တိုင်ပေ)တို့မှ ပြခန်းပေါင်း ၁၇၃ ခန်းဖြင့် လာရောက်ပြသခြင်းဖြစ်သည်။

အော်တိုပစ္စည်း အစိတ်အပိုင်းတွင် မော်တော်ယာဉ် အစိတ်အပိုင်းများ၊ ဝန်ပင့်ယာဉ်အစားထိုး အစိတ်အပိုင်းများ၊ နောက်တွဲယာဉ် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် အပိုပစ္စည်းများ၊ ကားအလှဆင်ပစ္စည်းများ၊ ကားနှင့်မော်တော်ဆိုင်ကယ် ဆိုင်ရာ ပစ္စည်းများ၊ ယာဉ်အစိတ်အပိုင်းများနှင့် ပြုပြင်ရေးပစ္စည်းများ၊ လက်ကိုင်ပစ္စည်း ကိရိယာများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ မီးအလင်းပေး ကိရိယာများနှင့် ဘက်ထရီများ ပြသ ထားသည်။

ပါဝါလျှပ်စစ်ဆိုင်ရာ ပြပွဲတွင် ပါဝါနှင့် လျှပ်စစ်ပစ္စည်း ကိရိယာများ၊ စမ်းသပ်တိုင်းထွာရေး ကိရိယာများ၊ စက်မှုလုပ်ငန်းသုံး အီလက်ထရွန်နစ်ကိရိယာများ၊ သိပံ္ပသုံးတိုင်းတာရေး ကိရိယာများ၊ ဟာ့ဒ်ဝဲလ်နှင့် ပန့်များ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်၊ မီးနှင့် မီးပေးဆက်သွယ်ရေး ကိရိယာများ ပါဝင်ပြသထားကြောင်း သိရသည်။

Read 334 times Last modified on Friday, 29 September 2017 08:38