SJ WorldNews - шаблон joomla Авто

မဟာဗန္ဓုလပန်းခြံ၌ မေတ္တာရိပ် ရွေ့လျား စာကြည့်တိုက်မှ စာအုပ်များ အခမဲ့ငှားရမ်းပေးမည်

Friday, 29 September 2017 08:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၈

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံ၌ မေတ္တာရိပ်ရွေ့လျား စာကြည့်တိုက်မှ လစဉ်ပထမပတ် တနင်္ဂနွေနေ့တိုင်း စာပေချစ်သူများ အတွက် စာအုပ်များအခမဲ့ ငှားရမ်းပေးမည်ဖြစ်ကြောင်း အဆိုပါစာကြည့်တိုက် တည်ထောင်သူ ဒေါ်မေသူထွန်းမြင့်ထံမှ သိရသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်ကို အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ငှားရမ်းနိုင်မည်ဖြစ်သည်။ စာအုပ်ငှားရမ်းလိုသူများ အနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် Facebook Account တို့ကို အသင်းဝင်ခွင့် လျှောက်လွှာ၌ဖြည့်သွင်းကာ အသင်းဝင်ကြေး လစဉ်တစ်လလျှင် ငွေကျပ်တစ်ထောင်သာ ပေးသွင်းပြီး ငှားရမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

''အသင်းဝင်ကြေးက တစ်လကို ငွေကျပ် တစ်ထောင်ပါ။အသင်းဝင်ကြေးကို ရန်ပုံငွေအဖြစ် အသုံးပြုပြီး စာအုပ်အသစ်တွေ ထပ်ဝယ်ဖြည့်ဆည်းပေးတာ ဖြစ်တဲ့အတွက် အသင်း ဝင်ကြေးကို ပုံမှန်ပေးရုံနဲ့ စာအုပ်များများ ဝယ်နိုင်မှာပါ''ဟု ဒေါ်မေသူထွန်းမြင့်က ပြောသည်။အသင်းဝင်တစ်ဦးအနေဖြင့် တစ်လလျှင် ငါးအုပ်အထိ ငှားရမ်းနိုင်ပြီး ပုံမှန်လာရောက် ငှားရမ်းသည့် အသင်းဝင်ဖြစ်ပါက ၁ဝ အုပ်အထိ ငှားရမ်းပေးကြောင်း သိရသည်။

ထို့ပြင် Ebook/Videos ရယူလိုသူများအတွက် ဖုန်းနှင့် Sharing လုပ်ပေးမည်ဖြစ်ပြီး စာကြည့်တိုက် ရန်ပုံငွေရရန် အမှတ်တရ ထုတ်ဝေရောင်းချမည့် Myittaryeik Mobile Library T-shirt နှင့် ချည်သားဘေးလွယ်အိတ်များ ဝယ်ယူခြင်းဖြင့် တစ်နိုင်ငံလုံးက စာကြည့်တိုက်များသို့ ကုသိုလ်ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

Read 382 times Last modified on Friday, 29 September 2017 08:44