SJ WorldNews - шаблон joomla Авто

မန္တလေးတက္ကသိုလ်၌ သိပ္ပံနှင့်နည်းပညာပြတိုက် ဖွင့်လှစ်ပြသ

Wednesday, 06 November 2019 11:43 font size decrease font size decrease font size increase font size increase font size

မန္တလေးတက္ကသိုလ်၊   မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများ အသင်းနှင့် မန္တလေးမြို့မိမြို့ဖများ ပူးပေါင်း၍ သိပ္ပံနှင့် နည်းပညာပြတိုက် ဖွင့်ပွဲကို နိုဝင်ဘာ ၅ ရက်  နံနက်ပိုင်းက  မန္တလေးတက္ကသိုလ် ရာဇာတ်ခန်းမရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊  တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်  လူ့စွမ်းအား ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက်    မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာအသင်း ဒုတိယဥက္ကဋ္ဌက မိုဘိုင်းသိပ္ပံနှင့် နည်းပညာပြတိုက် လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း၊ မန္တလေးမြို့ အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်က တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ပညာရေးမြှင့်တင်မှု သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် သိပ္ပံနှင့်နည်းပညာ ပြတိုက်အတွင်း သင်ထောက်ကူ ပစ္စည်းများ ပြသထားမှုကို ကြည့်ရှုကြကြောင်း သိရသည်။

Read 49 times Last modified on Wednesday, 06 November 2019 11:43