SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ ခရီးသွားဧည့်သည်များ မြနန်းစံကျော် ရွှေနန်းတော်နှင့် နန်းမြို့တွင်းကို လာရောက် လည်ပတ်မှု များပြား

Thursday, 07 November 2019 09:03 font size decrease font size decrease font size increase font size increase font size

မန္တလေးမြို့သို့   နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်လေ့လာ လည်ပတ်မှု များပြားလျက်ရှိရာ အများစုသော ခရီးသွားဧည့်သည်များသည် မြနန်းစံကျော်ရွှေနန်းတော်နှင့် နန်းမြို့တွင်းကို လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။

မြနန်းစံကျော်ရွှေနန်းတော်မှာ သမိုင်းတန်ဖိုး မဖြတ်နိုင်သော အဖိုးတန် အမွေအနှစ်များရှိပြီး မန္တလေးသို့ရောက်သူတိုင်း သွားရောက်လေ့လာသင့်သည့် နေရာတစ်ခုဖြစ်သည်။

နန်းမြို့၏ အဝေးမြင်ကွင်းမှာ  သဘာဝအလှတရားတို့ဖြင့် လှပစွာ တည်ရှိနေသော ပန်းချီကားတစ်ချပ်သဖွယ်ဖြစ်နေသည်။

ကျုံးကိုဖြတ်ကာ တည်ဆောက်ထားသည့် တံတားမှဝင်လိုက်သည်နှင့်    ကျွန်းတိုင်နီနီများတွင်     မြို့တည်နန်းတည်ခုနှစ်နှင့်  ဦးထိပ်တံခါးဟု ကမ္ပည်းရေးထိုးထားသည့် စာများမှာ  စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

နန်းမြို့အတွင်းဝင်ကာ ဝဲဘက်၊  ယာဘက်ကြည့်လိုက်သည်နှင့် ပဟိုရ်စင်၊ စွယ်တော်စင်၊  ကျောက်စာရုံတို့ကို  စတင်တွေ့ရှိနိုင်သည်။ 

အနောက်တည့်တည့်ဆီ ကြည့်လိုက်သည်နှင့် ရွှေရောင်များ ဝင်းထိန်နေသည့် ရွှေနန်းတော်ကြီးကို မြင်တွေ့နိုင်သည်။

နန်းတော်အတွင်း  ဝင်လိုက်သည်နှင့် ပလ္လင်တော်ရှစ်ခန်းနှင့် ရှေးခေတ် အဆောင်အသီးသီး၊ အမည်အသီးသီး ရေးထိုးထားသည့် ၁၁၄ ဆောင်သော အဆောင်များနှင့် အဆောင်များ၏ လုပ်ငန်းဆောင်တာများကို လေ့လာနိုင်ပေသည်။ နန်းမြင့်မျှော်စင်ပေါ်သို့ တက်ရောက်လေ့လာပါက လှပသော ရွှေနန်းတော်ကို    အပေါ်စီးမှမြင်တွေ့နိုင်သည်။

နန်းတော်အတွင်းမှ ပြတိုက်တွင်မူ ရှေးခေတ်က အသုံးအဆောင်များ၊ ဝန်မင်းများပုံ၊ အဝတ်အထည်များမှအစ ရှေးခေတ်မင်း၊  မိဖုရားအချို့၏ လက်ရေးမူများကို လေ့လာနိုင်ပေသည်။

နန်းတော်ပေါ်မှဆင်းကာ အရှေ့ဘက်ပတ်လိုက်သည်နှင့် ဒင်္ဂါးသွန်းစက်ရုံ၊ ပုဂံမင်း အုတ်ဂူပြာသာဒ်၊စကြာဒေဝီဂူပြာသာဒ်၊ မင်းတုန်းမင်းဂူပြာသာဒ်၊ လောင်းရှည်မိဖုရား ဂူပြာသာဒ်၊ မင်းကိုးပါးရုပ်တုတို့ကို လေ့လာနိုင်သည်။  လက်ရှိကာလတွင်  မန္တလေးမြို့ရောက် နိုင်ငံတကာ ခရီးသွားများနှင့် ပြည်တွင်းခရီးသွား အများစုမှာ မြနန်းစံကျော် ရွှေနန်းတော်သို့ လာရောက်လည်ပတ်လျက် ရှိကြောင်း သိရသည်။

Read 33 times Last modified on Thursday, 07 November 2019 09:04