SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဝန်ဆောင်မှု အဖွဲ့အစည်းများက ဝင်ငွေနည်း ပြည်သူများအတွက် တစ်ဦးလျှင် အများဆုံး ကျပ်သိန်း ၁ဝဝ အထိ ထုတ်ချေး ပေးထား

Thursday, 07 November 2019 09:30 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းရှိ   ဝင်ငွေနည်းပြည်သူများ အတွက် မြန်မာနိုင်ငံ အသေးစား ငွေရေး ကြေးရေးလုပ်ငန်း ဝန်ဆောင်မှု အဖွဲ့အစည်းများက တစ်ဦးလျှင် အများဆုံး ငွေကျပ် သိန်း ၁ဝဝ အထိ ထုတ်ချေးပေးထားကြောင်း စီမံကိန်းနှင့်   ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏  ပြောဆိုချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေး ကဏ္ဍတွင် ပြည်တွင်းပြည်ပမှ လိုင်စင်ရ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းပေါင်း ၁၈၉ ဖွဲ့က   ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း  သိရသည်။

''မြန်မာနိုင်ငံ အသေးစား ငွေရေးကြေး ရေး လုပ်ငန်း     ဝန်ဆောင်မှု အဖွဲ့တွေကို  စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီးဌာန ငွေရေးကြေးရေး   ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက တာဝန်ယူပြီး  လိုင်စင်ထုတ်ပေးပါတယ်။ ကြီးကြပ်မှု ကော်မတီလည်း ဖွဲ့စည်းထားပြီး  အဲဒီအဖွဲ့က  စိစစ်ပြီး

ထုတ်ပေးတာပါ။   အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ဆိုတာ  ဝင်ငွေနည်းတဲ့ ပြည်သူတွေကို    အဓိက ချေးပေးတာဖြစ်ပါတယ်။  ဝင်ငွေအလယ်အလတ် ရှိတဲ့သူနဲ့ ဝင်ငွေမြင့်မားတဲ့သူတွေ ကတော့    ဘဏ်ချေးငွေ ရယူနိုင်ကြပါတယ်။ ဝင်ငွေနည်းတဲ့ ပြည်သူတွေအနေနဲ့  ဘဏ်ချေးငွေရယူဖို့  အလှမ်းဝေးတော့  အခုလို  အသေးစား  ငွေရေးကြေးရေး ဝန်ဆောင်မှု  အဖွဲ့အစည်းတွေရဲ့  ချေးငွေတွေကိုပဲ    ရယူနိုင်ကြပါတယ်။  တစ်ဦးချင်းဆိုရင်  အများဆုံး  ငွေကျပ် သိန်း ၁ဝဝ အထိ ချေးယူနိုင်ပါတယ် '' ဟု မြန်မာနိုင်ငံ  အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ ကူညီရေးအသင်း (MMFA) ဒုတိယဥက္ကဋ္ဌ  (၂)  ဦးမျိုးညွန့်ကပြောသည်။

လက်ရှိတွင် ပြည်တွင်း အသေးစား ငွေရေးကြေးရေး  လုပ်ငန်းများ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မိသားစုဦးရေ လေးသန်းကျော်ကို လွှမ်းခြုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး စသည့် ကဏ္ဍပေါင်းစုံအတွက်  ချေးငွေများ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း    သိရသည်။

Read 19 times Last modified on Thursday, 07 November 2019 09:31