SJ WorldNews - шаблон joomla Авто

YBS ယာဉ်လိုင်းများ၌ ယာဉ်မောင်း ၆ဝဝဝ ကျော်ကို စမတ်ကတ်များ ထုတ်ပေးထား

Thursday, 07 November 2019 09:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့တွင်း   မောင်းနှင်လျက်ရှိသည့်  YBS ယာဉ်လိုင်းများ၌ အောက်တိုဘာလအထိ ယာဉ်မောင်း  ၄၉၈ဝ ဦး ကို  စမတ်ကတ် ထုတ်ပေးခဲ့ပြီး  ထပ်မံ၍  ယာဉ်မောင်း ၁၆ဝဝ ကျာ်ကို စမတ်ကတ်များ ထုတ်ပေးခဲ့သည့် အတွက်  နိုဝင်ဘာ  ၅ ရက်အထိ   စာရင်းအရ ယာဉ်မောင်း ၆ဝဝဝ ကျော်ကို မစတ်ကတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့   (ျွှ့ဗ) မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော်၏ပြောကြား ချက်အရ သိရသည်။
''အခု ယာဉ်မောင်းတွေအနေနဲ့ စမတ် ကတ်ရှိမှ မောင်းနှင်ခွင့်ပြုဖို့  ယာဉ်လိုင်း ကုမ္ပဏီတွေနဲ့ဆွေးနွေးပြီး    ကြပ်မတ် ဆောင်ရွက်နေပါတယ်။ စမတ်ကတ် ထုတ်ဖို့ ကျန်နေသေးတဲ့  ယာဉ်မောင်းတွေ အတွက်ကိုလည်း YRTA) ရုံးချုပ်မှာ ထုတ်ပေးနေပါတယ်''  ဟု  ဦးအောင်ညီညီမော် ကပြောသည်။
YBS ယာဉ်မောင်းများကို စမတ်ကတ်ရှိမှသာ မောင်းနှင်ခွင့်ပြုရန် ကြပ်မတ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိ စမတ်ကတ် ထုတ်ပေးထားသော  ယာဉ်မောင်းများတွင် အမျိုးသမီး ယာဉ်မောင်းကိုးဦး ပါဝင်ကြောင်း   သိရသည်။
ထိုသို့ စမတ်ကတ်များ ထုတ်ပေးခြင်းမှာ YBS ယာဉ်လိုင်းများ၌  ကောင်းမွန်သည့်    ဝန်ဆောင်မှုစနစ် ဖြစ်ပေါ်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။
ယင်းစမတ်ကတ်အတွင်း ယာဉ်မောင်း၏ မှတ်တမ်းများ ထည့်သွင်းထားခြင်းကြောင့် ၎င်း၏လုပ်ကိုင်မှု အရည်အသွေး ကို  သိရှိနိုင်စေမည်ဖြစ်ကြောင်း   သိရသည်။
ထက်ခိုင်(စမ်းချောင်း)
Read 23 times Last modified on Thursday, 07 November 2019 09:38