SJ WorldNews - шаблон joomla Авто

သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ပြည်တွင်း၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လျက်ရှိ

Thursday, 07 November 2019 09:44 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ပြည်တွင်း၌ ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီး မြှုပ်နှံမှုသည်  စဉ်ဆက်မပြတ် မြင့်တက်နေကြောင်း ရန်ကုန်မြို့ အခြေစိုက် ဂျပန်ပြင်ပ ကုန်သွယ်ရေးအဖွဲ့အစည်း(JETRO) မှ သိရသည်။
''မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုက   သီလဝါ အထူးစီးပွားရေးဇုန်မှာ ရှိပါတယ်။ အခုဆိုရင် သီလဝါ အထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီပေါင်း ၁ဝဝ ကျော်ရှိတယ်။ ကုမ္ပဏီလုပ်ငန်းပေါင်း ၅ဝ ကျော်နဲ့  ဂျပန်နိုင်ငံက  အဓိက ဦးဆောင်နေပါတယ်။   သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် ပြည်တွင်းမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့  စဉ်ဆက်မပြတ်  မြင့်တက်နေတာ တွေ့ရတယ်'' ဟု ရန်ကုန်မြို့ အခြေစိုက် ဂျပန်ပြင်ပ ကုန်သွယ်ရေး အဖွဲ့အစည်း(JETRO) Deputy Managing Director  ဦးခွန်သူရိန် ကပြောသည်။
ယခုနှစ်တွင်  စားသောက်ကုန်နှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်သော ဂျပန်လုပ်ငန်းရှင်များက ပြည်တွင်း၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်  စိတ်ဝင်စားမှုများ ရှိနေ၍ လေ့လာဆန်းစစ်မှုများ  ဆောင်ရွက်နေပြီ ဖြစ်သည်။ ယင်းတို့တွင် ရော်ဘာကုန်ကြမ်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကော်ဖီ၊ ချင်းစိုက်ပျိုးရေးကဏ္ဍ၊ ရေထွက်ပစ္စည်းများ တင်ပို့နိုင်မှု အခြေအနေနှင့် ဂျပန်နိုင်ငံမှ တင်သွင်း
နိုင်မည့် ပေါင်မုန့်စသည့် စားသောက်ကုန် အခြေအနေများကို  လေ့လာနေကြောင်း သိရသည်။
ယခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်းများ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ဂျပန်ကုမ္ပဏီ သုံးခုထက်မနည်း ရှိနေပြီး ကရင်ပြည်နယ်ရှိ မြဝတီစက်မှုဇုန်၌လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လေ့လာဆောင် ရွက်နေပြီဖြစ်သည်။
ထို့ပြင်  ရှမ်းပြည်နယ်နှင့်  မန္တလေးတိုင်း ဒေသကြီးတို့၏  စိုက်ပျိုးရေးကဏ္ဍတွင်  အချက်အချာကျသော မန္တလေးမြို့ရှိ  မြို့သာစက်မှုဇုန်၌ ဂျပန်နိုင်ငံ၏  ဆန်စက်ကုန်ထုတ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်မှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဂျပန်ကုမ္ပဏီများက  မြန်မာနိုင်ငံသို့ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံမှုနှင့် စင်ကာပူမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံခန့် အထိရှိကြောင်း သိရသည်။         
Read 30 times Last modified on Thursday, 07 November 2019 09:45