SJ WorldNews - шаблон joomla Авто

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် နေ့လွှတ်အရုပ်များ ဆန်းပြားလာသဖြင့် နိုင်ငံခြားသား ဧည့်သည်များ ပိုမိုစိတ်ဝင်စားလာ

Friday, 08 November 2019 08:39 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်  နေ့လွှတ်အရုပ်များ   လွှတ်တင်ယှဉ်ပြိုင်ပွဲ တတိယနေ့ကို နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၌   ကျင်းပကြောင်း သိရသည်။

''ကျွန်တော်တို့လူငယ်အဖွဲ့တွေ စုပေါင်းပြုလုပ်တာပါ။  ဆီစိမ်စက္ကူအရွက်   ၄ဝဝ ဝန်းကျင်လောက် ကုန်ပါတယ်။ ကုန်ကျစရိတ်ကတော့ ငွေကျပ် ၉ဝဝဝဝ လောက်ရှိတယ်။

ဒီနှစ်နဲ့ဆို   နှစ်နှစ်ရှိပါပြီ။    အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ထားပါတယ်''ဟု ရတနာသီရိ ရပ်ကွက်မှ     ခိုငှက်လွှတ်တင်သူ    အဖွဲ့ခေါင်းဆောင် ကိုကျော်ကြီးက ပြောသည်။

အဆိုပါနေ့လွှတ် အရုပ်များမှာ တိန်ညင်ကြက်၊ ကြက်ဖ၊ ခိုဖြူ၊ အောက်ချင်းငှက်၊ ကြက်တူရွေး၊ သိန်းငှက်၊ ကာတွန်းဘဲ၊ ခိုငှက်၊ ဘဲငန်း၊ နိုက်တင်ဂေးငှက်၊ စာဝါ၊ သစ်ကုလားအုတ်၊  ကျားသစ်၊  နွားဖြူ၊ ခြင်္သေ့၊ ဝက်၊ နို့စားနွား၊  နွား၊  ဗွတ်ကလုံငှက်၊  ပန်ဒါသုံးကောင်၊ ငန်းသုံးကောင်၊ ဝက်ဝံသုံးကောင် စသည့်အရုပ်  ၃၃  ရုပ် လွှတ်တင်ကြရာ ပြည်တွင်းပြည်ပ  ခရီးသွားဧည့်သည်များ၊ဘုရားဖူးပြည်သူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက  ကြည့်ရှု အားပေးကြသည်။

''ဒီပွဲအတွက်ဝင်ပြိုင်ဖို့ တစ်လလောက် အချိန်ပေးပြီး လုပ်ရပါတယ်။ ကုန်ကျစရိတ်ကတော့   ငွေကျပ်တစ်သိန်းခွဲလောက် ကုန်ပါတယ်။ ဆုတော့ မှန်းမထားပါဘူး။ ဒါပေမဲ့ ရရင်တော့ ပိုကောင်းတာပေါ့'' ဟု စီပီကြက်ဖလွှတ်တင်သည့် ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာနမှ မီးဆရာ အဖွဲ့ခေါင်းဆောင် ကိုစိုင်းမျိုးအောင်ထက် ကပြောသည်။

အဆိုပါ နေ့လွှတ်အရုပ်များကို မီးဆရာများက   အရွယ်အစားပေါ် မူတည်၍ အချိုးအစား ကိုက်ညီအောင် မီးစာပေါက်ဝဖောက်ခြင်း၊ ဦးခေါင်း၊ အမြီး၊ ကိုယ်လုံးတို့ကို မျှတစွာ အချိုးချပြီး ဆီစိမ်စက္ကူတို့ဖြင့်ပြုလုပ်ကြပြီး   အရုပ်များမှာ   အရွယ်အစားပေါ်မူတည်၍  ငွေကျပ် ၈ဝဝဝဝ  ဝန်းကျင်မှ ၃ဝဝဝဝဝ ဝန်းကျင်အထိ  ကုန်ကျကြောင်း သိရသည်။

Read 21 times Last modified on Friday, 08 November 2019 08:40