SJ WorldNews - шаблон joomla Авто

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် စတုတ္ထအကြိမ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကျင်းပ

Friday, 08 November 2019 09:47 font size decrease font size decrease font size increase font size increase font size

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်    စတုတ္ထအကြိမ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို  နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက   ဘားအံမြို့ ကန်သာယာ အတွင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာ၊ လူမှုရေး ဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမင်းကိုခိုင်တို့က မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အဆိုပါပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ၊    ရပ်ကွက်/ကျေးရွာများမှ အမျိုးသား ငါးတက်လှော် ၁၅ သင်း၊ အမျိုးသား ၃ တက်လှော် ၁၇ သင်း၊ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲဝင် ၂ဝ ဦး၊ အမျိုးသမီး ၅ တက်လှော် ကိုးသင်း၊ အမျိုးသမီး ၃ တက်လှော် ၁ဝ သင်း၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲဝင် ၁၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပကာ  ပြိုင်ပွဲဝင်အသင်းများအား  မဲနှိုက်၍ စံချိန်ဖြင့် ပထမအဆင့်ကို ယှဉ်ပြိုင်စေကြောင်း၊ ဒုတိယအဆင့် ရှုံးထွက်ပြိုင်ပွဲတွင်   အသင်းအားလုံး၏ ရရှိလာသည့် စံချိန်ကိုယူ၍  အကောင်းဆုံး ရှစ်သင်းကို ရွေးချယ်ကာ နောက်ဆုံးအဆင့် လေးသင်းကို  မဲစနစ်ဖြင့်တွဲ၍ အကြိုဗိုလ်လုပွဲနှင့်  ဗိုလ်လုပွဲကို ယှဉ်ပြိုင်စေမည်ဖြစ်သည်။

(၆၄)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်   မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် ဒေသအတွင်း တိမ်မြုပ်လုနီးပါး အနေအထားသို့ ရောက်ရှိနေသော မြန်မာ့ရိုးရာ လှေလှော်အားကစားနည်းကို ပြန်လည်ဖော်ထုတ်သည့် အနေဖြင့် လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲတစ်ရပ်အနေဖြင့် လည်းကောင်း၊ ဒေသခံပြည်သူလူထုတို့၏ စည်းလုံးညီညွတ်မှု၊  

အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများ  တိုးပွားလာစေရန် လည်းကောင်း ရည်ရွယ်၍  ကျင်းပခြင်းဖြစ်ကြောင်းနှင့်  အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသော  လှေလှော်အသင်းများအား    ဆုများချီးမြှင့်သွားမည်ဖြစ်သည်။

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊  စင်တင်တေးဂီတ ဖျော်ဖြေပွဲများ၊   ဇာတ်သဘင် အနုပညာ အကအလှ၊ ဒုံးအကပြိုင်ပွဲများ၊ ဈေးရောင်း ပွဲတော်များဖြင့်   စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

Read 35 times Last modified on Friday, 08 November 2019 09:48