SJ WorldNews - шаблон joomla Авто

ရွှေဘိုမြို့နယ် တကန်သာကျေးရွာ၌ မိုးခေါင်ရေရှားမှုကြောင့် စိုက်ပျိုးပြီး မိုးစပါးနှင့်နှမ်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေ

Friday, 08 November 2019 10:02 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တကန်သာကျေးရွာနေ ဒေသခံပြည်သူများ အနေဖြင့်  ယခုနှစ်စပါး စိုက်ပျိုးပြီးချိန်တွင် မိုးခေါင်ရေရှား ဖြစ်စဉ်များကြောင့် ရေမရရှိသဖြင့် စပါးများ ပျက်စီးခဲ့ကြောင်း၊ အဆိုပါစပါးခင်းများကို ဖျက်သိမ်းပြီး နှမ်းအစားထိုး စိုက်ပျိုးခဲ့သော်လည်း  မိုးရွာသွန်းခြင်းမရှိသဖြင့်   နှမ်းခင်းများလည်း ထပ်မံပျက်စီးခဲ့ရာ  တောင်သူများ   များစွာထိခိုက် နစ်နာဆုံးရှုံးလျက်ရှိကြောင်း  သိရသည်။

''ရာသီဥတုကမကောင်းတော့ စပါးခင်းတွေ ပျက်သွားတယ်။ ပျက်သွားတဲ့စပါးခင်းတွေ ဖျက်ပြီးတော့နှမ်းကြဲတယ်။ မိုးမရွာတော့ ရေမရတဲ့အတွက် နှမ်းတွေက တစ်လုံးကပ်၊ နှစ်လုံးကပ်နဲ့ ပျက်စီးသွားတယ်''ဟု ရွှေဘိုမြို့နယ်   တကန်သာ ကျေးရွာနေ တောင်သူ ဦးမြဝင်းက ပြောသည်။

အဆိုပါ ပျက်စီးသွားသည့် စပါးခင်းများ၊ နှမ်းခင်းများနေရာတွင် နေကြာ၊ ကြက်သွန်၊ ကုလားပဲစိုက်ပျိုးရန် စီစဉ်ထားသော်လည်း မိုးရွာသွန်းခြင်း မရှိသဖြင့် စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ကျွန်တော်တို့ဆီမှာ ပျက်စီးဆုံးရှုံးမှုများတယ်။ စပါးနဲ့နှမ်း ပျက်သွားတဲ့အတွက် ကုလားပဲစိုက်ဖို့ ပြင်နေကြတယ်။ အခုမိုးက မရွာတော့ ကုလားပဲလည်း မစိုက်ရဘူး၊ အခုချိန် ငွေရေးကြေးရေးအစ များစွာဆုံးရှုံးရပါတယ်''ဟု ရွှေဘိုမြို့နယ် တကန်သာ ကျေးရွာနေတောင်သူ ဦးခင်မောင်တင့်က ပြောသည်။

စပါးသီးနှံစိုက်ပျိုးရာတွင် တစ်ဧကလျှင် ငွေကျပ်  ၃ဝဝဝဝဝခန့် ကုန်ကျပြီး နှမ်းသီးနှံ စိုက်ပျိုးရာတွင်လည်းတစ်ဧကငွေကျပ် ၁၅ဝဝဝဝ ခန့် ကုန်ကျခဲ့ကြောင်း၊ တောင်သူများအနေဖြင့်  လိုအပ်သည့် စိုက်ပျိုးစရိတ်များကို ဘဏ်မှချေးယူ စိုက်ပျိုးရခြင်းဖြစ်ပြီး   သီးနှံနှစ်မျိုးစလုံး  ပျက်စီးခဲ့သည့်အတွက်  ဆုံးရှုံးနစ်နာကြောင်း၊  ထပ်မံစိုက်ပျိုးမည့် သီးနှံများအတွက်    စိုက်ပျိုးရေရရှိရန် လိုကြောင်း တကန်သာ ကျေးရွာနေ တောင်သူများထံမှသိရသည်။

ရွှေဘိုမြို့နယ် တကန်သာကျေးရွာ၌ တောင်သူ ၁၇ဝ ဦးခန့်ရှိပြီး  စိုက်ပျိုးရေ ရရှိခြင်းမရှိသဖြင့် ဧက ၁၂ဝဝ ပျက်စီးခဲ့ပြီး တောင်သူများ၏ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးနစ်နာခဲ့ကြောင်း သိရသည်။     

Read 33 times Last modified on Friday, 08 November 2019 10:07