SJ WorldNews - шаблон joomla Авто

MEMORY! နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ယခုနှစ်တွင် ရန်ကုန်မြို့ရှိ နေရာသုံးခု၌ ပြသမည်

Friday, 08 November 2019 10:07 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌ (၇) ကြိမ်မြောက် ကျင်းပမည့် MEMORY!  နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံ၊ မဟာဗန္ဓုလပန်းခြံ၊  ၃၃  လမ်းနှင့်  ၃၄ လမ်းကြားရှိ   နောက်ဖေးလမ်းကြားတို့၌   ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ပွဲတော်ကို ယခုနှစ်တွင် နေရာတစ်ခု ထပ်မံဖြည့်စွက်သည့် အနေဖြင့် ပြန်လည်ပြုပြင်ထားသော ၃၃  လမ်းနှင့်  ၃၄  လမ်းကြားရှိ  နောက်ဖေးလမ်းကြား၌ ပထမဆုံးအကြိမ်  ပြသမည်ဖြစ်ကြောင်း သိရသည်။

နောက်ဖေးလမ်းကြား၌ ပြသမည့် ME-MORY!  ရုပ်ရှင်ပြပွဲကို  YGN  Walls  နှင့် ပူးပေါင်း တင်ဆက်မည်ဖြစ်ပြီး အဆိုပါ ရုပ်ရှင်ပြသမည့် နောက်ဖေးလမ်းကြားကို   ပြည်တွင်း အနုပညာရှင်များ၏ လက်ရာများဖြင့်   ပြန်လည်ပြုပြင် မွမ်းမံထားခြင်း ဖြစ်သည်။

၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ နောက်ဖေးလမ်းကြား၌    ရုပ်ရှင်ပြသရုံသာမက   မြန်မာ့ရုပ်ရှင်ရွှေရောင်ခေတ်၏  ထူးခြားသော ရုပ်ရှင်ကားများကို  နံရံပန်းချီများ အဖြစ် ရေးဆွဲပြသထားသည်။

MEMORY!  ရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံ၌     ပြုလုပ်လျက်ရှိသော ရုပ်ရှင်ပွဲတော်များထဲမှ အောင်မြင်သော ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်သည်။  

အဆိုပါ ရုပ်ရှင်ပွဲတော်တွင် နိုင်ငံတကာမှ ရုပ်ရှင်ဇာတ်ကားများနှင့် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၆ဝ ကျော် ပြသမည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်မှ ၂၄ ရက် အထိ   ကျင်းပမည်ဖြစ်ကြောင်း   သိရသည်။

Read 33 times Last modified on Friday, 08 November 2019 10:10