SJ WorldNews - шаблон joomla Авто

ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများအတွက် နှစ်စဉ် ကျောက်ကျင်းပေါင်း သိန်း ၄ဝ ကျော် ထုတ်လုပ် ပေးလျက်ရှိ

Friday, 08 November 2019 10:15 font size decrease font size decrease font size increase font size increase font size

ပြည်တွင်း၌  ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းသုံး  ခွဲကျောက်ထုတ်လုပ်သူ လုပ်ငန်းရှင်  ၂၅ဝဝ  ကျော်မှ  နှစ်စဉ် ကျောက်ကျင်းပေါင်း သိန်း ၄ဝ ကျော် ထုတ်လုပ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းသုံး   ခွဲကျောက်ထုတ်လုပ် ရောင်းချသူလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းအောင်၏ ပြောပြချက်အရ သိရ သည်။

လက်ရှိတွင်  အဆိုပါအသင်းကို နိုင်ငံတစ်ဝန်း၌   မြို့နယ်အသင်းပေါင်း  ၃၆ သင်း ဖွဲ့စည်းထားသည်။ ယခုအခါ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြည်ပသို့ ထိုးဖောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကျောက်ထုတ်လုပ်သူ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး     အများပိုင် ကုမ္ပဏီရုံးကို နိုဝင်ဘာ ၇ ရက်က ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ ဂမုန်းပွင့်ကွန်ဒို ခုနစ်လွှာ၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

''နိုင်ငံဖွံ့ဖြိုးမှုနဲ့အတူ ဆောက်လုပ်ရေး ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးလာဖို့ ကျောက် ထုတ်လုပ်ငန်းတွေ မပါရင် မပြီးပါဘူး။ အရင်က မြစ်ကျောက်ဖြစ်တဲ့ ကျောက်စရစ် တွေကို သုံးခဲ့ပေမယ့် မြစ်ကြောင်းတိမ်ကောမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာတယ်။ ဒါကြောင့်  နည်းပညာ အသုံးပြုပြီး ကျောက်တောင်တွေကနေ ခွဲကျောက်တွေ၊  ချီပင်ကျောက်တွေကို နှစ်စဉ် ကျောက်ကျင်းပေါင်း  သိန်း  ၄ဝ ကျော် ထုတ်ပေးနေပါတယ်။ ဒါက ပြည်တွင်း ဆောက်လုပ်ရေး ကဏ္ဍအတွက် အသုံးပြုနေတာပါ'' ဟု ဦးဇော်မင်းအောင် ကပြော သည်။

လက်ရှိတွင်  ဆောက်လုပ်ရေးလုပ်ငန်းသုံး  ခွဲကျောက်ဆိုဒ် အမျိုးမျိုးကို  တိုင်းဒေသကြီးနှင့်  ပြည်နယ်များ၌  ရရှိနိုင်ပြီး မန္တလေးတိုင်း ဒေသကြီး၊  တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ အများဆုံး ထွက်ရှိကြောင်း သိရသည်။ထိုကျောက်များကို  လမ်းဖောက်လုပ်ခြင်း၊  အထူးစီမံကိန်းများ၊ အဆောက်အအုံများ တည်ဆောက်ခြင်း၊ အဆင့်မြင့်ဟိုတယ်များ၊ လေဆိပ်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်ခြင်းတို့တွင်    အဓိက အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

Read 42 times Last modified on Friday, 08 November 2019 10:16