SJ WorldNews - шаблон joomla Авто

တန်ဆောင်တိုင်ပိတ်ရက်တွင် နေရပ်ပြန်သူများ လည်ပတ်သူများဖြင့် စည်ကား များပြား

Monday, 11 November 2019 10:58 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းဘူတာ၌ (၇၁)အဆန် ရန်ကုန်-ပြည်ရထားနှင့် (၇၀)အစုန် သာရဝေါ-ကြည့်မြင်တိုင်ရထား ဆိုက်ရောက်ချိန် နိုဝင်ဘာ ၉ ရက်ညနေပိုင်းက ခရီးသွားပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါခရီးသွားပြည်သူများ အနက် မဟာပေါင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းပြဆရာမ ဒေါ်နွယ်နီအောင်က ““ကျွန်မက ပြည်ကို ပြန်မှာပါ။ မဟာပေါင်းကနေ ခမုံဆိပ်ကို လှေစီး၊  လှေဆိပ်ကနေ  ခမုံဘူတာကို ကယ်ရီစီး၊ ခမုံကနေ သာရဝေါ-ကြည့်မြင်

တိုင်ရထားစီးလာပြီး ပြည်ရထားကို ဆက်စီးမှာပါ။ သာရဝေါရထားနဲ့ ပြည်ရထားက လက်ပံတန်းဘူတာမှာ ဆုံတဲ့အတွက် အဆင်ပြေတာပေါ့။ တန်ဆောင်တိုင် ပိတ်ရက်မှာ ပြည်စွယ်တော်ပွဲကို မိသားစုနှင့်အတူ လည်ဖို့ အစီအစဉ်ရှိပါတယ်”” ဟုပြောသည်။

အလားတူ  မန်္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၏ အထင်ကရနေရာဖြစ်သော သမိုင်းဝင်နာရီစင်နှင့် ရထားလုံးပုံပြုလုပ်ထားသော ပန်းခြံအနီး အမှတ်တရဓာတ်ပုံ ရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိသည်။

ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ အများစုမှာ  အမျိုးသားကန်တော်ကြီး ဥယျာဉ်၊   အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ပိတ်ချင်းမြောင်နန္ဒမူလိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန်၊ တရုတ်ငါးပါးသီလဘုံကျောင်း၊ ကန်တော်ကလေး၊ နာရီစင်သို့ အများစု သွားလာလည်ပတ် လေ့လာကြသည်။

ပြင်ဦးလွင်သင်္ကေတများတွင် ထူးခြားသော အရာများမှာ ရထားလုံးများပင်ဖြစ်သည်။ ရထားလုံးနှင့် သမိုင်းဝင်နာရီစင်ကို ယှဉ်တွဲမြင်ရခြင်းသည် ပြင်ဦးလွင်မြို့၏ ပြည့်စုံလှပသည့်  ပန်းချီကားတစ်ချပ်ပင် ဖြစ်သည်။ လက်ရှိကာလတွင်  ပြင်ဦးလွင် အလှသင်္ကေတဖြစ်သည့်  ရထားလုံးနှင့် နာရီစင်ပုံကို ပန်းခြောက်များဖြင့် အလှဆင်ပုံဖော်ထားရာ နေ့စဉ်အမှတ်တရဓာတ်ပုံ ရိုက်ကူးသူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။  

Read 33 times Last modified on Monday, 11 November 2019 10:58