SJ WorldNews - шаблон joomla Авто

နိုင်ငံခြား သင်္ဘောများတွင် မြန်မာအမျိုးသမီး သင်္ဘောသား တစ်ထောင်ကျော် ၀င်ရောက် အလုပ်လုပ်ကိုင်နေ

Monday, 11 November 2019 12:57 font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများတွင် မြန်မာအမျိုးသမီး သင်္ဘောသား တစ်ထောင်ကျော်ခန့် ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်း အတတ်ပညာရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ  ကပ္ပတိန်စိုးမင်းအောင်ထံမှ  သိရသည်။

““ကျွန်တော်တို့ သင်္ဘောသားတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးကဏ္ဍကို ပြောရရင် အမျိုးသမီးသင်္ဘောသား ထောင်ချီနေပါပြီ။ နိုင်ငံခြားခရီးသည်တင် သင်္ဘောတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြတာပါ။ အရင်တုန်းကတော့  ဟိုတယ်လုပ်ငန်းအောက်မှာ ၀င်ရောက် လုပ်ကိုင်တာဖြစ်တဲ့အတွက် သင်္ဘောသားအနေနဲ့ မသတ်မှတ်တာဖြစ်ပါတယ်။ အခုကတော့ မည်သူမဆို သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်တာနဲ့ သင်္ဘောသားလို့  သတ်မှတ်လိုက်ပါတယ်””   ဟု  ကပ်္ပတိန်  စိုးမင်းအောင်ကပြောသည်။

လက်ရှိတွင်   အမျိုးသမီးများသည် ဆိပ်ကမ်း၊  ကုမ်္ပဏီနှင့်  သင်္ဘောတို့တွင် အရာရှိအနေနဲ့ တာဝန် ထမ်းဆောင်နေကြပြီဖြစ်သည်။ အမျိုးသမီးများ အနေဖြင့် ကုန်တင်သင်္ဘောများတွင်   တာဝန်ထမ်းဆောင်မည် ဆိုပါက သင်္ဘောတွင် လူဦးရေ နည်းသည့်အတွက် ရာသီဥတုဖောက်ပြန်သည့် အခါတွင်လည်း အခက်အခဲများ ရှိနိုင်ကြောင်း သိရသည်။

အမျိုးသမီးသင်္ဘောသားများနှင့် ပတ်သက်ပြီး ရေကြောင်းလုပ်ငန်းများတွင် ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် တစ်နှစ်ကျော်ခန့်ရှိနေပြီး အခြားသောပြည်ပနိုင်ငံများတွင် အမျိုးသမီး ကပ္ပတိန်များ ရှိနေကြပြီဖြစ်ကြောင်းနှင့်  သင်္ဘောသားအဖြစ် ၀င်ရောက် အလုပ်လုပ်ကိုင်လျှင် စည်းမျဉ်းဥပဒေများကို တိကျမှန်ကန်စွာ လိုက်နာရန် လိုအပ်ကြောင်းနှင့် ပြည်ပနိုင်ငံများတွင်

သင်္ဘောသားအဖြစ် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီး သင်္ဘောသားများသည်လည်း ပြည်တွင်း၌ အလုပ်သမား ရှာဖွေသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ သွားရောက် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်းသိရသည်။

Read 38 times Last modified on Monday, 11 November 2019 12:57