SJ WorldNews - шаблон joomla Авто

Airport Shuttle ယာဉ်လိုင်း ရန်ကုန်လေဆိပ်မှ အဝေးပြေး ကားဂိတ်နှစ်ခုသို့ ချိတ်ဆက်ပြေးဆွဲရန် စီစဉ်

Monday, 11 November 2019 13:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြေးဆွဲနေသော Airport Shuttle ယာဉ်လိုင်းကို လေဆိပ်နှင့် အဝေးပြေး ကားဂိတ် နှစ်ခုချိတ်ဆက်ကာ ယခုလအတွင်း ပြေးဆွဲရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့     (YRTA)တွဲဖက်အတွင်းရေးမှူး  ဦးလှအောင်၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ပြေးဆွဲရာတွင်     ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ   အောင်မင်္ဂလာ   အဝေးပြေးယာဉ် ရပ်နားဝင်းသို့ လည်းကောင်း၊ ဒဂုံဧရာအဝေးပြေးယာဉ် ရပ်နားဝင်းသို့ လည်းကောင်း  ချိတ်ဆက် ပြေးဆွဲမည်ဖြစ်သည်။

““Omni  Focus ကနေ  လေဆိပ်နဲ့  အဝေးပြေးဂိတ်နှစ်ခုကို ပြေးဆွဲပေးဖို့ စီစဉ်နေပါတယ်။   လမ်းကြောင်းတွေကိုလည်း YRTA အနေနဲ့ စစ်ဆေးပြီးပါပြီ။

၂၄ နာရီပြေးဆွဲမယ့်  ယာဉ်လိုင်းဖြစ်တာကြောင့်   ခရီးသည်တွေအတွက်   အဆင်ပြေပါတယ်”” ဟု   ဦးလှအောင်ကပြောသည်။

ပြေးဆွဲချိန်တွင်  ယာဉ်အစီးရေ ၂၀ ဖြင့် စတင်မည်ဖြစ်ပြီး  ယာဉ်စီးခကို ငွေကျပ် ၅၀၀ သတ်မှတ်ထားကြောင်း၊  Omni Focus ကုမ္ပဏီသည်  လေဆိပ်အခြေပြု ယာဉ်လိုင်း Airport Shuttle  ယာဉ်လိုင်းကို ရန်ကုန်ဘူတာကြီးမှ  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၄ နာရီ ၀န်ဆောင်မှု ပေးနေကြောင်း သိရသည်။

Read 43 times Last modified on Monday, 11 November 2019 13:03