SJ WorldNews - шаблон joomla Авто

လွိုင်ကော်တန်ဆောင်တိုင် ပွဲတော်တွင် အလှမီးပုံး အလုံး ၄၀၀ ကို တစ်ပြိုင်နက် လွှတ်တင်

Monday, 11 November 2019 13:12 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ် လွိုင်ကော်မြို့၏ ဒုတိယအကြိမ်မြောက် မီးပုံးပျံ လွှတ်တင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက် ညပိုင်းက ဗုဒ္ဓဥယျာဉ်တော်ကွင်း အတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ် ၀န်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍    ကယားပြည်နယ် ၀န်ကြီးချုပ်သည် တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များနှင့်အတူ    မီးပုံးပျံငယ်  အလုံး ၄၀၀ လွှတ်တင်၍ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြောင်း သိရသည်။

ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ် အဖြစ်  Sky King (ရွှေတောင်ရပ်ကွက်) မီးပုံးပျံအသင်းမှ အလှလွှတ်တင် ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့ညပြိုင်ပွဲဝင် မီးပုံးပျံများအဖြစ် ကယားလေး(ဒီးမော့ဆို၊ ဒေါပိုးစီ) အသင်း၊ ဟာသ(ဒေါဥခူ)အသင်း၊ ကယန်းမုန်တိုင်း(မိုင်းလုံး)အသင်း၊ လောဓမ္မအသင်းတို့က ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် မီးပုံးပျံပြိုင်ပွဲတွင် ဖျော်ဖြေရေး အစီအစဉ်ဖြင့် နိုင်ငံကျော် တေးသံရှင်များက ဧည့်ပရိသတ်များကို    ဖျော်ဖြေတင်ဆက်ကြသည်။ 

အခမ်းအနားသို့    ကယားပြည်နယ် ၀န်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် မြို့နယ်အဆင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 50 times Last modified on Monday, 11 November 2019 13:13