SJ WorldNews - шаблон joomla Авто

တန်ဆောင်မုန်း လပြည့်နေ့ (သာမညဖလ အခါတော်နေ့) တွင် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ ဘုရား၊ စေတီများ၌ ကုသိုလ်ပြုသူများဖြင့်စည်ကားများပြား

Tuesday, 12 November 2019 11:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၁

မြတ်စွာဘုရားရှင်က   အဇာတသတ် မင်းသားအား သာမညဖလသုတ္တန်တရားတော် ကိုဟောကြားတော်မူခဲ့သော တန်ဆောင်မုန်း လပြည့်နေ့ (သာမညဖလအခါတော်နေ့) ““သာမညဖလ””၏အဓ္ပိာယ်မှာ ““ရဟန်း ပြုရခြင်း၏ အကျိုး”” ဟု အဓိပာယ်ရသည်။

ရဟန်းပြုခြင်း၏ အကျိုးကိုဟောကြားသော နေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့် နေ့ကို ““သံဃာတော်များနေ့”” ဟု ခေါ်ဆို လျှင်လည်း ရနိုင်သည်။ ၎င်းအပြင် မြန်မာ့ ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိသော ပွဲတော်များမှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုး သင်္ကန်းရက်ပွဲ တော်၊ မဲဇလီဖူးသုပ်ဝေငှသော ပွဲတော်၊  ကျီးမနိုးပွဲတော်၊  သျှင်မာလဲပွဲ၊  သာမညဖလအခါတော်နေ့ပွဲတော်များဟူ၍  ခုနစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုရမည်ဖြစ်သည်။

ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာပြည်သူများ၊ ကုသိုလ် ဒါန ပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိရာ နေပြည်တော်ဥပ်္ပါတသနိ္တစေတီတော်မြတ်ကြီး ရင်ပြင်၌ ယနေ့ည ၆ နာရီမှ စတင်ပြီး ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့်ဝတ်ရွတ် ပူဇော်ခြင်းများပြုလုပ်ကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ မဟာသကျရံသီ၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီ၊ ဘုရားကိုးဆူ၊ ကိုးခမ်း ကြီးဘုရား၊ အောင်မင်းခေါင်ဘုရား၊ ဇိနမာန် အောင်၊ မင်းဝံတောင်ဘုရား၊ စူဠာမဏိဘုရား များနှင့် လယ်ဝေးမြို့နယ်ရှိ ဖောင်တော် ချက်မ၊ ရန်အောင်မြင်ရွှေလက်လှဘုရားနှင့် တပ်ကုန်းမြို့နယ်ရှိ  ဘုရားစေတီပုထိုးများ၊သတ်္တသတ်္တာဟမဟာဗောဓိစေတီတော်ကြီး တို့တွင်   ကုသိုလ်ပြုလှူဒါန်းသူများဖြင့်  စည်ကားလျက်ရှိသည်။  

 

ထို့အတူ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့နံနက် ပိုင်းမှစ၍ ညပိုင်းအထိ ဘုရားဖူး လာပြည်သူ များဖြင့် အထူးစည်ကားလျက်ရှိသည်။  အလားတူ  သီရိမင်္ဂလာကမာအေးစေတီ တော်၊    ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်၊ သမိုင်းဝင် အပရာဇိတ ဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်များ၌ ဘုရား ဖူးလာ ပြည် သူများဖြင့် အထူးစည်ကားလျက် ရှိသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန် မြို့ရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ ဘုံကထိန် များလှည့်လည်ခြင်း၊ စတုဒိသာများ ကျွေးမွေး ခြင်း၊  နိဗာန်ဈေးပွဲတော်များ ကျင်းပခြင်း၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန် လျာသင်္ကန်းကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ တန်ခိုးကြီးဘုရား စေတီများ၌ ဥပုသ် သီတင်း သီလဆောက်တည်ခြင်း၊ ညပိုင်းတွင် ဘုရား များ၊ ရုံးများ၊ အိမ်များ၊ လမ်းများ၌ ဆီမီး များ၊ လျှပ်စစ်မီးများ ထွန်းညှိပူဇော်ကြခြင်း စသည့်ကုသိုလ်ကောင်းမှုဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ မနလေးမြို့ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၌ နံနက် ၅ နာရီတွင် မဟာ မုနိဂေါပကအဖွဲ့ကကြီးမှူး၍   (၃၀)ကြိမ် မြောက် မသိုးမြတ် သင်္ကန်းတော် ရက်လုပ် ပူဇော်ပွဲကျင်းပပြီး မဟာမုနိရုပ်ရှင်တော်မြတ် အား မသိုးသင်္ကန်း တော်ကို လွှမ်းခြုံပူဇော် ကန်တော့ကြသည်။

ထို့ပြင် တန်ဆောင်မုန်းလပြည့်နေ့ညပိုင်း တွင်လည်း မနလေးတောင် ဆုတောင်းပြည့် ဘုရား၊ မဟာလောကရန်နှိမ် အောင် တော်မူ ဆုတောင်းပြည့်ဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဆုတောင်းရဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ချမ်းသာရဘုရား၊   စွယ်တော်မြတ် စေတီ တော်(မနလေး)၊ နန်းမြို့ဆုတောင်းပြည့် ဘုရား၊ တန်ခိုးကြီးဘုရားစေတီတော်တို့တွင်  ရွှေသင်္ကန်း များ၊ ပန်း၊ ရေချမ်း၊ သစ်သီး ဆွမ်းတော်များဆက်ကပ်လှူဒါန်း၍  ဆီမီး၉၀၀၀ ပူဇော်ခြင်းများ၊   တရားဘာဝနာ အားထုတ်ကြ သူများ၊ ၀တ်အသင်းအဖွဲ့များက  ပဋ္ဌာန်းဒေသနာတော်ကို  ရွတ်ဖတ်ပူဇော်ကြသူများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့်ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များက စတုဒိသာကျွေးမွေးကုသိုလ်ပြုကြ သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။           

ကျော်လွင်၊ ရီရီမြင့်တင်မောင်(မန်းကိုယ်ပွား)

Read 39 times Last modified on Tuesday, 12 November 2019 12:07