SJ WorldNews - шаблон joomla Авто

မှန်ဖြင့် ပြုလုပ်သော ဘုရားကျောင်းဆောင် ငယ်များကို တွင်ကျယ်စွာ ရောင်းချနေရ

Tuesday, 12 November 2019 12:49 font size decrease font size decrease font size increase font size increase font size

မနလေး ၊ သက်မွေးပညာ

မနလေး မြို့ မဟာမုနိ ဘုရားကြီး အနီးတွင် မှန်ဖြင့်ပြုလုပ်သော ဘုရားကျောင်းဆောင် ငယ်များကို တွင်ကျယ်စွာပြုလုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။ မှန်ဖြင့်ပြုလုပ်သော ဘုရားကျောင်း ဆောင်ငယ်များ    ပြုလုပ်ရန်အတွက်  မှန်ကုန် ကြမ်းကို အဓိကအသုံးပြုကြရသည်။

မှန်များအသုံးပြုရာတွင် ဆိုလာမှန်အစိမ်း၊ အပြာ၊ ဆီးရောင်၊ မီးခိုးရောင်နှင့်အတူ ဒီဇိုင်းမှန်များဖြစ်သည့် အာလူးကွက်၊ သွေးကြော ကွက်၊ မေဖလားဝါး၊ စိန်မှုန်၊ ပန်းမှန်အကြည် များကို အများဆုံးသုံးကြသည်။

ဘုရားကျောင်းဆောင်ငယ်ပြုလုပ်ရန် အတွက် လိုအပ်သောပေအတိုင်းအတာ အတိုင်းဖြတ်ကာ လှပသော ပုံသဏ္ဌာန် များကို ပြုလုပ်ကြရသည်။  အပေါ်မိုး နှင့်  အောက်ခံပြားကို အရောင်တူအသုံး ပြုပြီး ကျန်သည့်နေရာများကို ပန်းမှန်များနှင့် ဆိုလာမှန်များကိုအသုံးပြုကြသည်။ မှန်ဖြင့် ပြုလုပ်သော ဘုရားကျောင်းဆောင်ငယ် များတွင်    ဆီလီကွန်ကော်ကိုအဓိက အသုံးပြုပေးရသည်။ ကျောင်းဆောင်ငယ်ပြုလုပ်ရာတွင် ၈လက်မကျောင်းဆောင်၊ ၁၀ လက်မကျောင်း ဆောင်၊ ၁၂ လက်မကျောင်းဆောင်၊ ၁၄ လက်မကျောင်းဆောင်များအဖြစ် ပြုလုပ် ကြသည်။

လူတစ်ဦးလျှင် တစ်နေ့ဘုရား ကျောင်းဆောင် ၁၂ လုံးအထိပြီးသည်။ လုပ်အားခအနေဖြင့် ၄၀၀၀ တန်ကျောင်း ဆောင်ပြုလုပ် ပါက ငွေကျပ် ၄၀၀၊ ၈ လက်မ ကျောင်းဆောင်တစ်လုံးပြီးပါက  ငွေကျပ် ၈၀၀ ရရှိသည်။ တစ်နေ့လျှင် အနည်းဆုံး လုပ်အားခ  ငွေကျပ် ၆၀၀၀ မှ  ၉၀၀၀ အထိရရှိသည်။ လက်ရှိကာလတွင် ၈ လက်မဘုရား ကျောင်းဆောင် တစ်လုံးလျှင် ငွေကျပ် ၄၀၀၀၊ ၁၀ လက်မ ဘုရားကျောင်းဆောင် တစ်လုံးလျှင် ငွေကျပ် ၄၅၀၀၊ ၁၂ လက်မ ကျောင်း ဆောင် တစ်လုံးလျှင် ငွေကျပ် ၅၀၀၀၊  ၁၄ လက်မကျောင်းဆောင်တစ်လုံးလျှင်    ငွေကျပ် ၇၀၀၀ နှုန်းဖြင့် ရောင်းချ ကြသည်။

လက်ရှိကာလတွင် မနလေး မဟာမုနိ ဘုရားကြီး အနီးတွင် မှန်ဖြင့်ပြုလုပ်သော ဘုရားကျောင်းဆောင်များကို တွင်ကျယ် စွာပြု လုပ်လျက်ရှိသည်။ ဘုရားကျောင်း ဆောင်များကို တောင်ကြီး၊ လားရှိုး၊ မကွေး၊ ကျောက်ဆည်၊  ပဲခူး၊  မုံရွာတို့သို့  တင်ပို့ လျက်ရှိပြီး  ကျောင်းဆောင် လုပ်သူများ  တစ်နှစ်ပတ်လုံး  ပုံမှန် အလုပ်အကိုင် အခွင့်အလမ်း ရရှိကြောင်း  သိရသည်။    

နွေနဒီ၊ မြစ်ငယ်

Read 43 times Last modified on Tuesday, 12 November 2019 12:50