SJ WorldNews - шаблон joomla Авто

တန်ဆောင်တိုင်ကာလတွင် မဟာဗန္ဓုလပန်းခြံနှင့် Yangon Waterboom ၌ အပန်းဖြေသူများဖြင့် စည်ကား

Wednesday, 13 November 2019 08:23 font size decrease font size decrease font size increase font size increase font size

တန်ဆောင်တိုင်ကာလတွင် မဟာဗန္ဓုလပန်းခြံနှင့်   Yangon  Waterboom တို့၌ အနားယူအပန်းဖြေသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

““မဟာဗန်္ဓုလပန်းခြံမှာ  ဒီနှစ်   ပိုပြီးစည်တယ်။  ပျော်ပွဲရွှင်ပွဲပါတော့  နံနက်ပိုင်းကနေစပြီး လူစည်တယ်””  ဟု ပန်းခြံသို့ လာရောက်လည်ပတ်သူ တစ်ဦးကပြောသည်။

မဟာဗန္ဓုလပန်းခြံအတွင်း   မီးအလှဆင်ပေးထားသည့်အပြင် စက်ဘီးများနှင့်  နွားလှည်း များကို အလှဆင်ပေးထားကြောင်း၊မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမကြား၌   မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုအကများ၊ အငြိမ့်အလှ သဘင်နှင့် နာမည်ကြီး အဆိုတော်များက နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁  ရက်တို့တွင် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

ထို့ပြင်  မဟာဗန္ဓုလပန်းခြံလမ်း၊  (၃၄) လမ်းအပေါ်လမ်းနှင့်   အလယ်လမ်းတို့၌လည်း နိဗ္ဗာန်ဈေးပွဲတော်နှင့်  စတုဒိသာကျွေးမွေးခဲ့သည်။

ထို့အတူ  Yangon    Waterboom ၌ တန်ဆောင်တိုင်ဈေးပွဲတော် ကျင်းပကာ အစားအသောက်များ၊ အ၀တ်အထည်များ၊ အလှကုန်ပစ္စည်းများ  ရောင်းချပေးသည့်အပြင် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ  လည်ပတ်သူများ အတွက်  ၀င်ကြေးအခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Yangon Waterboom သို့   နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ နံနက် ၆ နာရီမှ ည ၉ နာရီအတွင်း    ၀င်ကြေးအခမဲ့ဖြင့် လာရောက် လည်ပတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Read 24 times Last modified on Wednesday, 13 November 2019 08:24