SJ WorldNews - шаблон joomla Авто

တစ်အိမ်သုံး ဆိုလာစနစ်နှင့် အသေးစားဓာတ်အား စနစ်တို့ဖြင့် အိမ်ခြေပေါင်း တစ်သိန်းဝန်းကျင် မီးလင်းရေး ဆောင်ရွက်မည်

Wednesday, 13 November 2019 08:28 font size decrease font size decrease font size increase font size increase font size

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ  မီးလင်းရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်အိမ်သုံးဆိုလာစနစ်နှင့်  အသေးစားဓာတ်အားစနစ် (Mini  Grid) တို့ဖြင့် အိမ်ခြေပေါင်း တစ်သိန်းဝန်းကျင် မီးလင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ဆောင်ရွက်ရာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် အိမ်ခြေကိုးသောင်းခန့်နှင့် အသေးစား ဓာတ်အားစနစ် (Mini  Grid)  ဖြင့်  အိမ်ခြေပေါင်း ၁၅၀၀၀  ခန့်တို့ကို မီးလင်းရေး ဆောင်ရွက်ပေးမည် ဖြစ်သည်။

၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်တွင်လည်း ဆိုလာစနစ်ဖြင့်  ကျေးလက်မီးလင်းရေး အတွက် ဆောင်ရွက်ခဲ့ရာ  ကျေးရွာပေါင်း နှစ်ထောင်နှင့် အိမ်ခြေပေါင်း ကိုးသောင်း ခန့်ကို တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး     အသေးစားဓာတ်အားစနစ်  (Mini  Grid)   ဖြင့် ကျေးရွာပေါင်း ၄၀ ခန့်နှင့် အိမ်ခြေပေါင်း တစ်သောင်းကျော်တို့ကို    မီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း  သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း   ဆောင်ရွက်မည့် မီးလင်းရေး စီမံကိန်းများအနက် စီမံ ကိန်းလေးခုကိုလည်း လက်ရှိတွင် လက်မှတ်ရေးထိုးပြီးဖြစ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍   ကမ္ဘာ့ ဘဏ်ချေးငွေ  အမေ ရိကန်ဒေါ်လာ  သန်း  ၄၀၀  ဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌   လျှပ်စစ်ဓာတ်အား ရရှိရေး   ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Read 24 times Last modified on Wednesday, 13 November 2019 08:28