SJ WorldNews - шаблон joomla Авто

အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် ကျင်းပရန် စီစဉ်

Wednesday, 13 November 2019 08:31 font size decrease font size decrease font size increase font size increase font size

မန္တလးတိုင်းဒေသကြီး   ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသား ကန်တော်ကြီးဥယျာဉ်၌ နှစ်စဉ်ကျင်းပလေ့ ရှိသော (၁၄) ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက် မှ ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၁၅ ရက်အထိ တစ်လကြာ ကျင်းပရန် စီစဉ်ထားကြောင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ်အုပ်ချုပ်ရေးမှူး   ဦးဇော်မင်းထွန်း၏ ပြောပြချက် အရ သိရသည်။

““ဒီနှစ်ပန်းပွဲတော်ကို အရင်နှစ်တွေထက် တစ်မူထူးခြားတဲ့ အစီအစဉ်တွေနဲ့ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်မှာ ကျင်းပမှာဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမို စည်ကားမယ်လို့လည်း   မျှော်မှန်းထားပါတယ်””  ဟု  ဦးဇော်မင်းထွန်း ကပြောသည်။

အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို  ၁၉၂၄  ခုနှစ်က  စတင်တည်ထောင်ခဲ့ပြီး ပန်းပွဲတော် ကျင်းပလာခြင်းမှာ ယခုနှစ်အပါ အ၀င် (၁၄) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

အဆိုပါဥယျာဉ်တွင် ၀င်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၊ ကလေး တစ်ဦးလျှင် ငွေကျပ် ၅၀၀ သတ်မှတ်ထားပြီး   နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနှင့် ကလေးတစ်ဦးလျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။

Read 31 times Last modified on Wednesday, 13 November 2019 08:33