SJ WorldNews - шаблон joomla Авто

(၂၃၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ သံဃာတော်များအား ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ

Wednesday, 13 November 2019 09:24 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရင်ပြင်ပေါ်ရှိ ဓမ္မာရုံ၌ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက (၂၃၂၇)ကြိမ်မြောက် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏   ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာတော်များ အား ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး   ဆရာတော်ဘဒ္ဒန္တသုမနထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ကြွရောက်တော် မူလာကြသော ဆရာတော်ကြီးများက မေတ္တသုတ် ပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ မော်လမြိုင်မြို့ မောင်ငံရပ်ကွက် နတ်မှော်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမန အမှူးပြုသော သံဃာတော် ကိုးပါးနှင့် မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းပေါင်း ၉၁ ကျောင်းမှ သံဃာတော် ၁၁ဝ ပါးတို့အား ပြည်နယ်သာသနာရေးမှူး ဦးအောင်ထွန်းဝင်း၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်၊ မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဘဒ္ဒန္တစန္ဒောဘာသမှ ရေစက်သွန်းချ အနုမောဒနာ တရားကို ချီးမြှင့်ကြောင်း သိရသည်။        

Read 92 times Last modified on Wednesday, 13 November 2019 09:24