ရန်ကုန် နိုဝင်ဘာ ၁၃
နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၅၄ မိနစ်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်ကွာဝေးသော ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ မြောက်လတီ်္တတွဒ် ၁၇ ဒသမ ၁၇ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၈၃ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရန်ကုန်မြို့နေ ပြည်သူများ ငလျင်လှုပ်ခတ်မှုအား သိသိသာသာ ခံစားခဲ့ရပြီး ကြောက်ရွံ့မှုများဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
““ကျွန်တော်တို့ရွှေတိဂုံစေတီမှာ အဓိကကတော့ မြေစိုက်စေတီအမှတ်(၂၆) စိန်ဖူးတော် ပဲ့သွားပါတယ်။ ငလျင်ဒဏ်ကြောင့်ပေါ့။ အဲဒါကိုဒီနေ့ညနေ ၅ နာရီနဲ့ ၇ မိနစ်မှာ ကျွန်တော်တို့ပြန်တပ် ပြီးသွားပါပြီ။ နောက်အထက် ပစ္စယံမှာရှိတဲ့ အရံစေတီအသေးလေး နှစ်ဆူလည်း စိန်ဖူးတော်တွေ မြေခခဲ့ပါတယ်။ အဲဒါတွေကိုလည်း နေ့လယ်က ပြန်တပ်ပြီးသွားပါပြီ။ အားလုံးသုံးဆူဖြစ်ပါတယ်။ အထက်ပစ္စယံက အရံစေတီနှစ်ဆူရယ်၊ ရင်ပြင်တော်ကမြေ စိုက်စေတီ (၂၆)ရယ် ဒီသုံးဆူပါပဲ။ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး။ ရင်ပြင်တစ်ခုလုံးကို ကျွန်တော်တို့အပေါ်က စိန်ရွှေရတနာတွေ ပြုတ်ကျလာသလား။ ခေါင်းလောင်းတွေပြုတ်ကျသလား ဆိုပြီး အကုန်လိုက်စစ်ပြီးပါပြီ။ ဘာမှမရှိပါဘူး”” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးထွန်း ကပြောသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း မြေငလျင်ငါးကြိမ် လှုပ်ခတ်ခဲ့ပြီး ယင်းလှုပ်ခတ်မှုများတွင် အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ကြိမ်နှင့် အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်နှစ်ကြိမ် ပါဝင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။