SJ WorldNews - шаблон joomla Авто

ကလိန်အောင်မြို့၌ ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၃ဝဝဝ အထိဈေးနှုန်း မြင့်တက်လာ

Thursday, 14 November 2019 09:17 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့တွင်  နိုဝင်ဘာလမှစ၍ ကြက်သွန်နီ အဟောင်းများ ဈေးနှုန်းမြင့်တက်လျက်ရှိရာ တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ အထိမြင့်တက်လာကြောင်း သိရသည်။

ကြက်သွန်နီဈေးနှုန်းမှာ အောက်တိုဘာလပိုင်းတွင် တစ်ပိဿာလျှင်ငွေကျပ် ၁၁ဝဝနှင့် ၁၃ဝဝ အထိရှိသော်လည်း ယခုနိုဝင်ဘာလမှစတင်၍ ကြက်သွန်နီအသစ် ထွက်ရှိခြင်းကြောင့်    အဟောင်းဈေးနှုန်းမှာ  တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ မှ ၃ဝဝဝအထိ ဈေးမြင့်တက်လာခြင်း ဖြစ်သည်။

''ဒီအချိန်ကျရင် ကြက်သွန်နီဈေးတက်တာက နှစ်တိုင်းပုံမှန်ပါပဲ။ ကြက်သွန်နီအသစ်ပေါ်ချိန်ဖြစ်လို့ ကြက်သွန်အဟောင်းက ဈေးတက်လာတာ''ဟု ကလိန်အောင်မြို့တွင် ကြက်သွန်နီရောင်းချနေသူ တစ်ဦးက ပြောသည်။

ကလိန်အောင်မြို့   ကြက်သွန်နီများကို မော်လမြိုင်မြို့၊ ထားဝယ်မြို့တို့ရှိ ပွဲရုံများမှ တစ်ဆင့်မှာယူပြီး   မြို့တွင်းသို့ ပြန်လည်ရောင်းချလျက် ရှိကြောင်း သိရသည်။

Read 24 times Last modified on Thursday, 14 November 2019 09:19