SJ WorldNews - шаблон joomla Авто

ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပမည်

Thursday, 14 November 2019 09:23 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း)  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီး၏ ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ  ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်း ပွဲတော်ကာလတွင် ရိုးရာဓလေ့မီးပုံးပျံပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများအဖြစ် ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ဒေသလူငယ်များ၏ ဖျော်ဖြေပွဲ၊ ရိုးရာမီးကြာ၊ မီးပဒေသာ ပင်လှည့်လည်ပူဇော်ပွဲများပါဝင်ပြီး ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သီရိမင်္ဂလာ  ရွှေချမ်းသာမွေတော်ဘုရားကြီး   ဂေါပကအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ရှိန်ထံမှသိရသည်။

ဗုဒ္ဓပူဇနိယ  တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင်    ရိုးရာဓလေ့မီးပုံးပျံရှစ်လုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း  သိရသည်။                   ခွန်ရဲထွေး(ဆီဆိုင်)

Read 33 times Last modified on Thursday, 14 November 2019 09:24