SJ WorldNews - шаблон joomla Авто

မြိတ်မြို့တွင် ပထမအကြိမ် တန်ဆောင်တိုင် မီးထွန်းပူဇော် ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

Thursday, 14 November 2019 09:29 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးကော်မတီမှ ပထမအကြိမ် တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲကို မဟာသိဒိ္ဓဇယ စေတီတော်တွင် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။

တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲတော်တွင် ဆရာတော်သံဃာတော်များ၊ ဓမ္မစကူးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဧည့်ပရိသတ်များ၊ ဘုရားဖူးပြည်သူများက တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက်   စေတီတော်ရင်ပြင်၌   ဖယောင်းတိုင်ဆီမီးခွက်များကို ထွန်းညှိပူဇော်ခဲ့ကြပြီး စုပေါင်းမေတ္တာပို့သကြသည်။

ထို့နောက်   တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်အား ရည်မှန်းအာရုံပြု၍ မီးပုံးပျံအလုံး ၅၀၀ ကို စုပေါင်းလွှတ်တင်ကြသည်။

 တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲတွင် စတုဒိသာ ထမင်းကြော်နှင့် အချိုရည်များကို ပွဲတော်လာရောက်ကြသူများအား ဓမ္မစကူး ကော်မတီနှင့် အလှူရှင်များက ကျွေးမွေးကြကြောင်း သိရသည်။          

Read 40 times Last modified on Thursday, 14 November 2019 09:30