SJ WorldNews - шаблон joomla Авто

လှေခွင်းတောင်နှင့် တိရစ္ဆာန်ဥယျာဉ်တို့တွင် လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

Thursday, 14 November 2019 09:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာတွင် တည်ရှိသည့် လှေခွင်းတောင်တန်ခိုးကြီး ကိုးမုခ်ပြန်စေတီတော်နှင့် တိရစ္ဆာန်ဥယျာဉ်တို့၌ နိုဝင်ဘာ ၁၃ ရက်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

““တန်ဆောင်တိုင် ပိတ်ရက်တွေမှာ လှေခွင်းတောင်  တန်ခိုးကြီး ကိုးမုခ်ပြန် စေတီတော်ကို လာရောက်ဖူးမြော်သူတွေ ပိုများတာတွေ့ရပါတယ်။ တောင်ပေါ်ကို ကားနဲ့တက်တဲ့သူတွေ ပိုများတယ်။ ပြီးတော့ လှေခွင်းတောင် တောင်ခြေမြစ်ဆိပ်မှာလည်း အပန်းဖြေစခန်းတွေ ဖွင့်ထားတာရှိတယ်။

အဲဒီကိုလည်း လာရောက် အပန်းဖြေသူတွေ  အရင်နှစ်ထက် ပိုများတယ်”” ဟု ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးကြည်ထွန်း ကပြောသည်။

ထို့ပြင် ဇေယျာသီရိမြို့နယ် အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ်တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

““ပိတ်ရက်တိုင်း လည်ပတ်သူတွေ ထောင်နဲ့ချီပြီး လာလည်တာ တွေ့ရတယ်။ အရင်နှစ်ထက်ပိုပြီး စည်ကားတယ်။ နေပြည်တော်မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေ လည်ပတ်ပြီး မှ ဒီကိုအပန်းဖြေရင်း လာလည် တာတွေ့ရတယ်။လာရောက် လည်ပတ်သူဦးရေက ခန့်မှန်းအနေနဲ့ပြောရရင် တိရစ္ဆာန်ဥယျာဉ်နဲ့ ဆာဖာရီဥယျာဉ်နှစ်ခုကို ဒီနေ့ညနေအထိဆို လူဦးရေ ၁၀၀၀၀ နီးပါးလောက် ရှိနိုင်တယ်””ဟု တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ် လုံခြုံရေးမှူး ဦးမျိုးခင်ကပြောသည်။

ဇေယျာသီရိမြို့နယ် အတွင်းရှိ လှေခွင်းတောင်နှင့် တိရစ္ဆာန်ဥယျာဉ်တို့တွင် လာရောက် လည်ပတ်သူများသည် ယခင်နှစ်ကထက်  ပိုမိုလာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။

Read 57 times Last modified on Thursday, 14 November 2019 09:47