SJ WorldNews - шаблон joomla Авто

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းအမှတ်စဉ်(၈) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ အတည်ပြု ရွေးချယ်

Friday, 15 November 2019 09:36 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်း  နိုဝင်ဘာ  ၁၄

နယ်စပ်ရေးရာဝန်ကြီးဌာန   ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)၌ ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား အတည်ပြုရွေးချယ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ယခုပညာသင်နှစ်တွင် ဖွံ့ဖြိုးရေး တက္ကသိုလ်အတွက် ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ ၃၀၇ ဦးအား ပညာရေးဘွဲ့ သင်တန်း ငါးနှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးသွားပါက ပညာရေးဘွဲ့ အပ်နှင်းပေးကာ ပညာရေး ၀န်ကြီးဌာနတွင် အထက်တန်းပြနှင့် လစာနှုန်းတူ ရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်ပေးသွားမည် ဖြစ်သည့်အပြင် မဟာပညာရေးဘွဲ့ ဆက်လက်သင်ယူရန် အဆင့်မီသူများကိုလည်း လုပ်ငန်းခွင် အတွင်းမှပင် ဆက်လက် ပညာသင်ယူခွင့် ပေးလျက်ရှိကြောင်း သိရသည်။                          

Read 62 times Last modified on Friday, 15 November 2019 09:37