SJ WorldNews - шаблон joomla Авто

ဝိုင်းမော်မြို့၌ အမှိုက်ကင်းစင်ရေး အသိပညာပေး ဟောပြော

Tuesday, 19 November 2019 09:28 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ကြီးမှူး၍  ဝိုင်းမော်မြို့ အမှတ်()  အခြေခံပညာ အထက်တန်းကျောင်းရှိ   စာသင်ခန်းမ၌ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက  အမှိုက်စွန့်ပစ်ရေးအစ စာသင်ကျောင်းက ခေါင်းစဉ်ဖြင့်   အမှိုက်ကင်းစင်ရေး  အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ရှေးဦးစွာ   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက   နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး     ဦးတင်မောင်ထွေးက အမှိုက်စွန့်ပစ်ရေးအစ စာသင်ကျောင်းက  ခေါင်းစဉ်ဖြင့် ဝိုင်းမော်မြို့နယ်အတွင်း အမှိုက်ကင်းစင်ရေးအတွက် သန့်ရှင်းရေး လုပ်ဆောင်နေမှုများနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊   ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို   နိုဝင်ဘာ ၁၃ ရက်က ယခုစာသင်ကျောင်း၌ ကျင်းပရာ ကျောင်းသား၊ကျောင်းသူ ၃၃ ဦး  ပါဝင်ယှဉ်ပြိုင်ကြကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ    အမျိုးသမီးဝန်ထမ်းများက ''စိတ်လှဖို့လိုတယ်''သီချင်းဖြင့် သီဆိုဖျော်ဖြေ ကာ အထက်တန်းပြ ဆရာမဒေါ်စန်းစန်းမြင့်နှင့်    မြို့မိမြို့ဖ ဦးကြည်ထွန်းတို့က အမှိုက်ကင်းစင်ရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာ   အသိပညာများကို ဟောပြောဆွေးနွေးကြသည်။

ယင်းနောက် မြို့နယ် အုပ်ချုပ်ရေးမှူးက အမှိုက် ကင်းစင်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲ တွင် အထက်တန်းအဆင့်ဆုရ ကျောင်းသား၊ ကျောင်းသူသုံးဦး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌက အလယ်တန်းအဆင့်ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူသုံးဦးနှင့်  မြို့မိမြို့ဖ  ဦးကြည်ထွန်းက မူလတန်းအဆင့် ဆုရကျောင်းသား၊ ကျောင်းသူ သုံးဦးအား ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများကို    အသီးသီး ပေးအပ်ကြောင်း သိရသည်။

Read 33 times Last modified on Tuesday, 19 November 2019 09:29