SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

(၁၈)ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာ အဖွဲ့ ညီလာခံ ကျင်းပ

Saturday, 30 September 2017 07:24 font size decrease font size decrease font size increase font size increase font size

(၁၈) ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့ ညီလာခံကို ရန်ကုန်မြို့ရှိ Melia Hotel ၌ ယနေ့တွင် ကျင်းပကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မျိုးလွင်ငြိမ်းထံမှ သိရသည်။

ယင်းဆေးပညာအဖွဲ့ ညီလာခံကို နှစ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော်လည်း ယခုကျင်းပသည့် ညီလာခံမှာ နိုင်ငံတ ကာမှပညာရှင်များ လာရောက်ဆွေးနွေးသည့် ညီလာခံဖြစ်ပြီး ယနေ့မှစ၍ အောက်တိုဘာ ၁ ရက်အထိ ကျင်းပမည် ဖြစ်ရာ နိုင်ငံတကာ ပညာရှင်များနှင့် ဆွေးနွေးခွင့်ရသည့်အတွက် အတွေ့ အကြုံသစ်များ ပိုမိုတိုးပွားလာမည် ဖြစ် ကြောင်း ဒေါက်တာမျိုးလွင်ငြိမ်းက ပြောသည်။ ''အဓိကကတော့ အာဆီယံနိုင်ငံတွေထဲက ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေက ဆေးပညာရှင်တွေပါတယ်။ သြစတြေးလျနိုင်ငံက ဆေးပညာရှင်တွေလည်းပါတယ်။ သက်ဆိုင်ရာ ဆေး ပညာရပ်တွေကို တိုက်ရိုက်ဆွေးနွေး မေးမြန်းလို့ရတယ်။ သူတို့ရဲ့နောက်ဆုံးပေါ် တွေ့ရှိ ချက်တွေကိုသိရမယ်။ ဒါ့အပြင် သုတေသန စာတမ်းဖတ်ပွဲတွေလည်းပါမယ်'' ဟု မြန်မာနိုင်ငံဆရာဝန် အသင်းဆေး ပညာအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ သိန်းမြင့်က ပြောသည်။

ထို့ပြင် ညီလာခံတွင် ဆေးပညာနှင့် ပတ်သက်သည့် ဆေးဝါးကုမ္ပဏီများ၏ ပြခန်းပေါင်း ၂၃ ခန်းကိုဖွင့်လှစ်ပေးထားပြီး နိုင်ငံတကာမှ လာရောက်ကြသည့် ဧည့်သည်များ အဆင်ပြေစေရန် Toure ဆားဗစ်စီစဉ်ပေးခြင်း၊ ညီလာခံ တက် ရောက်သူများ အဆင်ပြေစေရန် ငွေလဲကောင်တာ ဖွင့်ထားခြင်း၊ ပြည် တွင်းမှ ဆရာဝန်ကြီးများ အဆင်ပြေစေရန် Banking ဆားဗစ်ထားရှိပေးခြင်း၊ International Conference အဆင့်ရှိစေရန် Mobile Application ဖွင့်ထားခြင်းတို့ ပြုလုပ်ပေးထားသည်။

Read 315 times Last modified on Saturday, 30 September 2017 07:29