×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

အစားအသောက်များတွင် တားမြစ် ဓာတုဆေးဝါးများ ထည့်သွင်း အသုံးပြုနေမှုကို ထိရောက်စွာ တားဆီးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မည်

Saturday, 30 September 2017 07:24 font size decrease font size decrease font size increase font size increase font size

အစားအသောက်များတွင် တားမြစ်ဓာတုဆေးဝါးများ ထည့်သွင်း အသုံးပြုနေမှုကို ထိရောက်စွာ တားဆီးနိုင်ရန် ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ထံမှ သိရသည်။

အဆိုပါ တားမြစ်ဓာတုဆေးဝါးများကို ဈေးကွက်အတွင်း၌ မုန့်ဖတ်နှင့် ခေါက်ဆွဲများတွင် အများဆုံးထည့်သွင်း အသုံး ပြုနေပြီး အဓိကအားဖြင့် တာရှည်ခံဆေးဝါးများနှင့် ချွတ်ဆေးများကို အသုံးပြု ထုတ်လုပ်နေကြကြောင်း သိရသည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က အစားအသောက်များတွင် တားမြစ်ဓာတု ဆေးဝါးများ စစ်ဆေးခြင်းကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နေသည်ကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းအနေဖြင့် ကြိုဆိုလျက်ရှိပြီး စားသုံးသူများအတွက် စားသုံးရန်မသင့်သော စားသောက်ကုန်များကို ရောင်းချနေသည့် မသမာမှုများအား ဖော် ထုတ်အရေးယူရန် အစိုးရဌာန ဆိုင်ရာများနှင့်လည်း ပူးပေါင်းရေး အစီအစဉ်များရှိကြောင်း သိရသည်။

FDAအနေဖြင့် စက်တင်ဘာလက ဈေးကွက်အတွင်း ရောင်းချနေသော အစားအသောက်များအနက် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ခွင့်မပြုဆေးဝါးများ ထည့်သွင်း အသုံးပြုထားသော စားသောက်ကုန် ခုနစ်မျိုးကို ထုတ်ပြန်ပေး ထားပြီးဖြစ်ရာ ကနဦးအနေဖြင့် သတင်းပေးပို့မှုများမှ ရရှိလာသော အချက်အလက်များဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်မည်ဖြစ်၍ ပြည်သူများ အနေဖြင့် မိမိပတ်ဝန်းကျင်၌ မသင်္ကာစရာ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းအနေဖြင့် ချွတ်ဆေးနှင့် တာရှည်ခံ ဆေးဝါးများ အသုံးပြုထားသည့် မုန့်များ၏ နာမည်များကို သတင်းပေးပို့ရရှိထားပြီး ယင်းတို့ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့နှင့် ညှိနှိုင်း၍ အကောင် အထ ည်ဖော်မည် ဖြစ်ကြောင်း သိရ သည်။

Read 324 times Last modified on Saturday, 30 September 2017 07:30