SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ပထမအရစ် ထုတ်ပေး

Saturday, 30 September 2017 07:30 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ပထမအရစ် ထုတ်ပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူက ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေသိန်း ၁ဝဝဝ မှ ပထမအရစ် ၄ဝ ရာခိုင်နှုန်း ထုတ်ပေး မည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီအောင် ပြုလုပ်ကြရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အများပြည်သူနှင့် စနစ်တကျ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောသည်။ ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်း အကောင် အထည်ဖော်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုအပိုင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူ၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မိုးတို့က ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း ၁ဝဝဝ ဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ အနက် လမ်း၊ တံတား ပထမဆုရ မိုင်းလုံး ရပ်ကွက်၊ ဒုတိယဆုရ လွိုင်လင်လေးကျေး ရွာ၊ တတိယဆုရ သာလောင်းကျေးရွာတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ ယင်းနောက် တာဝန်ရှိသူများ က ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ရပ်ကွက်ရှစ်ရပ်ကွက် လုပ်ငန်း ၂၈ ခုအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ပထမအရစ် ၄ဝ ရာခိုင်နှုန်းကို ပေးအပ်ရာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြောင်းသိရသည်။

Read 422 times Last modified on Saturday, 30 September 2017 07:43