SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မူးမြစ်နှင့် နမ္မားချောင်းဆုံ အတွင်းသို့ ငါးမျိုး စိုက်ထည့်

Saturday, 30 September 2017 07:30 font size decrease font size decrease font size increase font size increase font size

သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ဒေသခံပြည်သူများ အလွယ်တကူ ရှာဖွေ စားသုံးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ မူးမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မူးမြစ်နှင့် နမ္မားချောင်းဆုံနေရာ၌ ကျင်းပကြောင်း သိရသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ထိုင်းငါးခုံးမ၊ ငါးမြစ် ချင်း၊ ငါးကြင်းရွှေဝါ စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းတို့ကို မူးမြစ်နှင့် နမ္မားချောင်းဆုံ အတွင်းသို့ စုပေါင်း စိုက်ထည့်ကြကြောင်း သိရသည်။

Read 382 times Last modified on Saturday, 30 September 2017 07:43