SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီမံကိန်း ထွန်ယက်ရေး သရုပ်ပြ

Saturday, 30 September 2017 07:24 font size decrease font size decrease font size increase font size increase font size

ကျေးလက်ဒေသနေ တောင်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် အ ကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးမှုဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု စီမံကိန်း (ASID) ထွန်ယက် ရေး သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ရေတာ ရှည်မြို့နယ် ကွင်းကြီးကျေးရွာအုပ်စု ကွင်းအမှတ်(၆၂၆)၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စက်မှု လယ်ယာဦးစီးဌာန ဦးစီးမှူး ဦးသန်းဦးက တောင်သူများ အနေဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အလျင်အမြန် ကူးပြောင်းလျက်ရှိရာ မိရိုးဖလာ ရှေးယခင်ကတည်းက သုံးစွဲခဲ့ကြသော ကျွဲ၊ နွားများ၏ နေရာတွင် ခေတ်မီစက်ကိရိယာများကို ပြောင်းလဲသုံးစွဲလျက်ရှိကြောင်း၊ ထိုသို့စက်ကိရိယာများ သုံးစွဲသည့် အခါ မိမိတို့စိုက်ပျိုးမည့် သီးနှံမြေအနေအထားပေါ် မူတည်၍ စက်ကိရိယာများကို ဝယ်ယူသုံးစွဲကြရန် လိုအပ်ပြီး အတိုးမဲ့ချေးငွေဖြင့် အရစ်ကျဝယ်ယူနိုင်ရန် စက်မှုလယ်ယာ ဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းနေအောင်က ကမ္ဘာ့ဘဏ် ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ဆွာချောင်းဆည်မှ ရေပေးမြောင်းမကြီးများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလ င်းပြောကြားသည်။ ထို့နောက် MATADOR၊ DEUTZFAHR၊ KUBO ထွန်စက်များဖြင့် ထယ်ရေးထွန်ယက် ပြုပြင်ခြင်း သရုပ်ပြသသည်။

အဆိုပါ သရုပ်ပြပွဲကို ရေတာရှည်မြို့အမှတ်(၄၈) စက်မှုလယ်ယာစခန်းမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ကွင်းကြီး၊ သိုင်းဝ၊ ကုန်းကြီး၊ ဇလုပ်ကြီး ကျေးရွာအုပ်စုတို့မှ တောင်သူ ၁၃ဝ ကျော် လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

Read 326 times Last modified on Saturday, 30 September 2017 07:44