SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြိတ်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ တနင်္သာရီ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ လာရောက် လေ့လာ

Saturday, 30 September 2017 07:44 font size decrease font size decrease font size increase font size increase font size

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၇ဝ ဦးတို့သည်ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီမြို့ဟောင်း၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် တနင်္သာရီနန်းမြို့ဟောင်း ဝန်းကျင်ရှိ ဒေသန္တရသမိုင်း အထောက်အထားများကို လာရောက်လေ့လာကြောင်း သိရသည်။

အဆိုပါ လေ့လာရေးအဖွဲ့ကို မြို့နယ်စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး အဖွဲ့နာယက ဦးစိုးရီ (နောင်စိုးရီ)နှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းဒေသ အသီးသီး နေရာအနှံ့မှ ရရှိစုဆောင်းထားသော ရှေး ဟောင်းအသုံးအဆောင် ပစ္စည်းများ၊ ကျောက်လက်နက်များနှင့် တနင်္သာရီဒင်္ဂါး အမျိုးမျိုးကို လည်းကောင်း၊ ရှေး ဟောင်းမြေမြို့ရိုး၊ အုတ်မြို့ရိုးတည်ဆောက်ထားရှိပုံများ၊ မြို့တည်ရှင်မအောင် သာနတ်ကွန်း၊ ရာဇမင်္ဂလာကန် တည် ဆောက်ထားရှိပုံ၊ ရိုးရာနဂါးလှေများနှင့်ယဉ်ကျေးမှု ပြတိုက်တည်ဆောက်နေပုံတို့ကို လည်းကောင်း အလွယ်တကူ လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေး၍ ဖြစ်စဉ်သမိုင်း အကြောင်းအရာများကို ရှင်းလင်းပေးကြကြောင်း သိရသည်။

Read 350 times Last modified on Saturday, 30 September 2017 08:48