SJ WorldNews - шаблон joomla Авто

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်ခွင့်ပြုရာတွင် ပြည်သူများအတွက် တိုက်ရိုက် အကျိုးရှိသည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုသွားရန်လို

Saturday, 30 September 2017 09:04 font size decrease font size decrease font size increase font size increase font size

စစ်တွေ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်   ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်  ဦးညီပုက  ယခင်က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်ပြ၍    ခွင့်ပြုချက်ရယူရကြောင်း၊ ယခုအသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ ဖွဲ့စည်းဆောင်ရွက်၍ လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုထားကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက် ခွင့်ပြုရာတွင် ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိသည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဒေါက်တာညီညီမောင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ''ယနေ့အစည်းအဝေးမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေအတွက် အတည်ပြုမိန့်ကို အခုကော်မတီအား တိုက်ရိုက်တင်ပြပြီး ခွင့်ပြုချက်ယူနိုင်ပါတယ်။ တင်ပြလာတဲ့ လုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ ကော်မတီက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ  ပြည်သူအတွက် အကျိုးရှိ၊ မရှိ၊ လုပ်သားအင်အား ရ၊ မရ စတဲ့ အချက်အလက်တွေ ပြည့်စုံမှန်ကန်ပါက ကော်မတီအစည်းအဝေးမှာ တင်ပြပြီး စိစစ်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ကော်မတီက ခွင့်ပြုလိုက်တဲ့ လုပ်ငန်းတွေကိုလည်း မီဒီယာကနေတစ်ဆင့် ပြည်သူတွေကို ချပြသွားမှာပါ။ ဒီလိုဆောင် ရွက်တဲ့အတွက် လုပ်ငန်းရှင်များအနေနဲ့ ခိုင်မာတဲ့အာမခံချက် ရရှိသွားမှာ ဖြစ်ပါတယ်''ဟု ရှင်းလင်း ပြောကြားသည်။ယင်းနောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များသည် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး အတည်ပြုကြကြောင်း သိရသည်။

Read 380 times Last modified on Saturday, 30 September 2017 09:04