SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ ပင်လယ်ရေကြောင်းနေ့ အခမ်းအနား ကျင်းပ

Saturday, 30 September 2017 09:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   စက်တင်ဘာ   ၂၉

အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)၏ လမ်းညွှန်မှုဖြင့်  ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ  Park Royal ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယခုနှစ်အတွက် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ ဆောင်ပုဒ်သည် သင်္ဘောများ၊ ဆိပ်ကမ်းများနှင့် လူများ ကူးလူးဆက်သွယ်ခြင်း ဖြစ်ကြောင်း၊  ရေကြောင်းဘက်ဆိုင်ရာဘေးအန္တရာယ် ကင်းရှင်းရေး၊    လုံခြုံရေး၊ ရေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သင်္ဘောလုပ်ငန်းများ၏ အရေးပါမှုအပေါ် အထူးဂရုပြု ဆောင်ရွက်နိုင်ရေးအတွက်ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားများကို အဖွဲ့ဝင်နိုင်ငံများအကြား ကျင်းပခြင်းဖြစ်ကြောင်း၊ ရေကြောင်းဘက်ဆိုင်ရာ ကုန်သွယ်မှုဖြစ်ထွန်းရေး၊ တည်ငြိမ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေး၊ ဆိပ်ကမ်းလုပ်ငန်းများ တစ်ပေါင်းတည်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအပြင် ကမ္ဘာအနှံ့အပြားရှိ လူသားများ အားလုံး  အသက်ရှင်နေထိုင်မှု တိုးတက်ကောင်းမွန်ရေးကို ပေါင်းကူး ဆက် သွယ်နိုင်ရေး အတွက်  ရေကြောင်းလောကသားများ ပူးပေါင်းပါဝင်ပြီး အခွင့်အလမ်းကောင်းများ ဖန်တီးယူကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့်    ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကို  အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်  (IMO) ၏ သတ်မှတ်ချက်အတိုင်း ကျင်းပလာခဲ့သည်မှာ (၁၄)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း    သိရသည်။

Read 420 times Last modified on Saturday, 30 September 2017 09:10