SJ WorldNews - шаблон joomla Авто

ဘူးသီးတောင်မြို့နယ် အတွင်းရှိဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာရန် နယ်စပ်အနီးရောက်ရှိ၊ တာဝန်ရှိသူများ သွားရောက် တွေ့ဆုံညှိနှိုင်း

Saturday, 30 September 2017 09:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂၉

ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီများသည် စားဝတ်နေရေး အခက်အခဲကြောင့် လည်းကောင်း၊ လုံခြုံရေးအခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍လည်းကောင်း၊ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများက ထွက်ခွာရန် ဆက်သွယ်ပြောဆိုခြင်းများကြောင့် လည်းကောင်း၊ ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စုများထံ သွားရောက်လိုခြင်းကြောင့် လည်းကောင်း မိမိနေထိုင်သည့် ကျေးရွာများမှ တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှစတင်၍ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်အနီးသို့ စုပြုံရောက်ရှိလျက်ရှိသည်။

မောင်တောမြို့နယ် ပညောင်ပင်ကြီးကျေးရွာ နယ်စပ်ခြံစည်းရိုးအနီး မှိုဝင်ချောင်းဝနှင့် ဂေါ်ဒူသာရချောင်းဝတွင် ဘူးသီးတောင် မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ   မောင်တောခရိုင်   အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့်အဖွဲ့သည် စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့သိရှိပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက စားဝတ်နေရေး အခက်အခဲရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ လေးမျိုးကို ဒေသအတွင်းမှ နှစ်ဖက် လူ့အဖွဲ့အစည်းများကို လူမျိုးဘာသာမရွေး ထောက်ပံ့ပေးနေကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဒေသအတွင်း၌အေးချမ်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေကြောင်း မိမိတို့ဒေသများ၌ အေးချမ်းစွာပြန်လည်နေထိုင် ၍ လုပ်ကိုင်စားသောက်ကြရန် အခက်အခဲရှိသည်များကို တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တွေ့ဆုံရှင်းလင်း ပြောကြားခဲ့မှုအပေါ် ၎င်းတို့ဘက်မှ နားလည်သဘောပေါက်သော်လည်း တစ်ဖက်နိုင်ငံသို့သာ ၎င်းတို့ကိုယ်ပိုင်ဆန္ဒဖြင့်   သွားရောက် လိုကြောင်း ပြန်လည်တင်ပြကြသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂူတာပြင်ကျေးရွာမှဘင်္ဂါလီ ၁၆၈ ဦးသည် စက်တင်ဘာ ၂၆ ရက်တွင် ရွာသစ်ကေကျေးရွာအနီး၌ လည်းကောင်း၊ ရွှေထားကျေးရွာနှင့် ဇင်ခါးမ ကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ ဦး၊ တောင်ချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီကျေးရွာတို့မှ ဘင်္ဂါလီ  ၂ဝဝ  ဦးနှင့် ဒုအိုးသည်မ ကျေးရွာတို့မှ ဘင်္ဂါလီ ၃၅ ဦးတို့သည် စက်တင်ဘာ ၂၇ ရက်တွင် လေယာဉ်ကွင်းကျေးရွာအနီး ကမ်းစပ်၌လည်းကောင်း၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာနှင့် ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ ဦးတို့သည် စက်တင်ဘာ ၂၈ ရက်တွင် လေယာဉ်ကွင်းကျေးရွာအနီး ကမ်းစပ်၌လည်းကောင်း၊ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၅၃ဝ ဦးတို့သည် စက်တင်ဘာ  ၂၉  ရက်တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုးကြားတွင် လည်းကောင်း တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် စုပြုံရောက်ရှိနေကြောင်း သိရသည်။

Read 355 times Last modified on Saturday, 30 September 2017 09:26