Print this page

စစ်တွေမြို့ရှိ နေရပ်စွန့်ခွာ ပြည်သူများအတွက် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

Saturday, 30 September 2017 09:31 font size decrease font size decrease font size increase font size increase font size

စစ်တွေ  စက်တင်ဘာ  ၂၉

စစ်တွေမြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများ၌ ခေတ္တခိုလှုံလျက်ရှိသည့် တိုင်းရင်းသား များထံသို့ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်၍ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထိုသို့ပေးအပ်ရာတွင် စစ်တွေမြို့ရှိ ပရိယတ္တိပျိုးခင်း ဘုန်းတော်ကြီးကျောင်းနှင့် ပြည်ကြီးမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေး စခန်းများ၌ ခေတ္တခိုလှုံလျက်ရှိသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးလေးဦးအား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ငွေကျပ် ၄ဝဝဝဝ၊ နှစ်နှစ်အရွယ် ကလေးငယ်ကိုးဦးအား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့်  ငွေကျပ် ၉ဝဝဝဝ၊ အသက် ၆ဝ နှစ်နှင့်အထက် အဘိုးအဘွား ၁၃ ဦးအား တစ်ဦးလျှင် ငွေကျပ်၂ဝဝဝဝ နှုန်းဖြင့် ငွေကျပ် ၂၆ဝဝဝဝ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦးအား ငွေကျပ် ၂ဝဝဝဝ ထောက်ပံ့ပေးအပ်သည်။

ထို့ပြင် နေရပ်စွန့်ခွာပြည်သူများအတွက် ပဲ၊ ဆီ၊ ဆပ်ပြာ၊ အဝတ်အထည်များ၊ ကလေး များအတွက် ကစားစရာများ ထောက်ပံ့ပေးအပ်ပြီး စိတ်ပိုင်းဆိုင်ရာ လူမှုပံ့ပိုးကူညီပေးခြင်းနှင့် ကလေးပျော်နေရာများ ဖန်တီးပေး ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         

Read 387 times Last modified on Saturday, 30 September 2017 09:31